ရှေ့သို့
Image

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ပြီးနောက် အင်းနရစ်ကို ကမ္ဘာ့အကောင်းဆုံးနည်းပြအဖြစ် ချီးကျူးလိုက်တဲ့ အယ်လ်ခီလိုင်ဖီ

8:35 AM, 17 April

ပီအက်စ်ဂျီဥက္ကဌ အယ်လ်ခီလိုင်ဖီက ဘာစီလိုနာကို အဝေးကွင်းမှာ comebackနဲ့အနိုင်ယူကာ ဆီမီးဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့တဲ့ နည်းပြလူးဝစ်အင်းနရစ်ကို ကမ္ဘာ့အကောင်းဆုံးနည်းပြအဖြစ် ချီးကျူးသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပထမအကျော့က အိမ်ကွင်းမှာ ၃-၂ဂိုးနဲ့ ရှုံးခဲ့ပေမယ့် ဒုတိယအကျော့မှာ ၂-၄ဂိုးနဲ့ ပြန်လာနိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၆-၄နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ ဒါဟာ ၂၀၂၀ခုနှစ်နောက်ပိုင်း ပီအက်စ်ဂျီတို့ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်လာနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ အယ်လ်ခီလိုင်ဖီက ပြီးခဲ့တဲ့နွေရာသီမှာ အင်းနရစ်ကို နည်းပြအဖြစ် ခန့်အပ်နိုင်ခဲ့မှုအပေါ် ဝမ်းသာလျက်ရှိနေပါတယ်။

အယ်လ်ခီလိုင်ဖီက "ဒီညမှာ အားလုံး အကောင်းဆုံးတိုက်ပွဲဝင်ခဲ့ကြပါတယ်။ အားလုံးက သူရဲကောင်းတွေပါ။ အားလုံးက ဆီမီးဖိုင်နယ်ရောက်ချင်ကြပါတယ်။ ကျွန်တော်တို့မှာ အရမ်းတော်တဲ့ ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦး ရှိနေပါတယ်"လို့ ပြောခဲ့ပါတယ်။

အင်းနရစ်ဟာ တူချယ်နောက်ပိုင်း ပီအက်စ်ဂျီကို ချန်ပီယံလိဂ် ဗိုလ်လုပွဲပို့ဆောင်ပေးမယ့် ဒုတိယမြောက်နည်းပြဖြစ်လာဖို့အတွက် ဒေါ့မွန်ကို ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

#ဘာစီလိုနာ #ပီအက်စ်ဂျီ #ချန်ပီယံလိဂ် #အယ်လ်ခီလိုင်ဖီ #အင်းနရစ်