ရှေ့သို့
Image

ပီအက်စ်ဂျီနဲ့ပွဲမှာ အရူဂျိုကို ထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ကို ပြင်းထန်စွာ ဝေဖန်လိုက်တဲ့ ဇာဗီ

8:30 AM, 17 April

ဘာစီလိုနာနည်းပြ ဇာဗီဟာ ယနေ့နံနက် ပီအက်စ်ဂျီနဲ့ပွဲစဉ်အတွင်း နောက်ခံလူ အရူဂျိုကို တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဇာဗီက ကွင်းလယ်ဒိုင် ကိုဗက်စ်ဟာ ကပ်ဆိုးတစ်ခုဖြစ်ပြီး အရူဂျိုကို ထုတ်ပယ်လိုက်ခြင်းဖြင့် ဘာစီလိုနာကို သတ်ပစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ရာဖင်ဟာရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အရူဂျို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားအားကျသွားကာ ပီအက်စ်ဂျီက ၄-၁ဂိုးနဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် ၆-၄နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။

ပွဲအပြီးမှာ ဇာဗီက "ကျွန်တော်တို့ စိတ်ပျက်ရပါတယ်။ အနီကတ်က ပွဲကို သတ်သွားတာပါ။ ၁၁ယောက်ချင်းကစားတုန်းက ကျွန်တော်တို့ စုစုစည်းစည်းနဲ့ ကစားနိုင်ခဲ့ပါတယ်။ အနီကတ်ကသာ အရာအားလုံးကို ပြောင်းလဲခဲ့တာပါ။ ကျွန်တော့်အတွက်ကတော့ အရူဂျိုကို ထုတ်ပယ်လိုက်တာဟာ အရမ်းပြင်းထန်လွန်းတယ်လို့ ထင်ပါတယ်။ ကွင်းလယ်ဒိုင်က တော်တော်ဆိုးဆိုးပါ။ သူက ကပ်ဆိုးတစ်ခုဖြစ်တယ်ဆိုပြီး ကျွန်တော် ဒိုင်ကို ပြောခဲ့ပါတယ်။ သူက ပွဲကိုသတ်ပစ်ခဲ့တာပါ။ ကျွန်တော် ဒိုင်တွေအကြောင်း ပြောလေ့မရှိပေမယ့် အခုဟာက မဖြစ်မနေပြောရမှာပါ။ ဒီဆုံးဖြတ်ချက်ကို ကျွန်တော် လုံးဝနားမလည်နိုင်ပါဘူး။ဒီလိုပွဲအခြေအနေမျိုးမှာ ၁၀ယောက်တည်းနဲ့ ကစားရတာ အဆင်မပြေပါဘူး။ ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့သလို အနီကတ်ပြစ်ဒဏ်က အရာအားလုံးကို ပြောင်းလဲစေခဲ့တာပါ"လို့ ပြောခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ပွဲစဉ် ဒုတိယပိုင်းအတွင်း ဇာဗီဟာ ဘာစီလိုနာအသင်း ပင်နယ်တီမရခဲ့မှုအပေါ် ပြင်းထန်စွာစောဒကတက်ခဲ့တာကြောင့် အနီကတ်ပြထုတ်ပယ်ခံလိုက်ရသလို ဂိုးနည်းပြ ဒီလာဖွန်တီလည်း ထုတ်ပယ်ခံခဲ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ အယ်လ်ကလက်စီကိုပွဲစဉ် ဆက်လက်ကစားရမှာ ဖြစ်ပါတယ်။


#ဘာစီလိုနာ #ဇာဗီ #ပီအက်စ်ဂျီ #အရူဂျို