ရှေ့သို့
Image

ပထမအကျော့က ရလဒ်တွေကို ပြောင်းပြန်လှန်ကာ ဆီမီးဖိုင်နယ်တက်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ဒေါ့မွန်

7:48 AM, 17 April

ပီအက်စ်ဂျီနဲ့ ဒေါ့မွန်အသင်းတို့ဟာ မနေ့ညက ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပြိုင်ဘက်တွေနဲ့ အသီးသီးအနိုင်ယူကာ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။

ပီအက်စ်ဂျီက ဘာစီလိုနာကို တစ်ယောက်အသာနဲ့ ကစားပြီး အဝေးကွင်းမှာ ၄-၁ဂိုးနဲ့ အနိုင်ယူကာ နှစ်ကျော့ပေါင်းရလဒ် ၆-၄ဂိုးနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဒေါ့မွန်ကတော့ အိမ်ကွင်းအားကို အသုံးချကာ အက်သလက်တီကိုအား ၄-၂ဂိုးနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၅-၄နဲ့ ဆီမီးဖိုင်နယ်တက်သွားခဲ့ပါတယ်။

ဒါကြောင့် ဆီမီးဖိုင်နယ်မှာတော့ ပီအက်စ်ဂျီနဲ့ ဒေါ့မွန်တို့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

အရင်နှစ်တွေကနဲ့မတူဘဲ သွင်းဂိုးတွေ အပြန်အလှန်သွင်းယူကာ ပရိသတ်တွေကို ဖျော်ဖြေမှုပေးနေတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေဟာ ဒီနေ့ညမှာလည်း ဘိုင်ယန်မြူးနစ်-အာဆင်နယ်၊ မန်စီးတီး-ရီးရဲလ်မက်ဒရစ်ပွဲစဉ်တွေနဲ့ ပရိသတ်တွေကို အသုံးတော်ခံဦးမှာ ဖြစ်ပါတယ်။

#ဘာစီလိုနာ #အက်သလက်တီကို #ဒေါ့မွန် #ပီအက်စ်ဂျီ #ချန်ပီယံလိဂ်