ရှေ့သို့
Image

ဒေါ့မွန်အသင်းရဲ့အိမ်ကွင်းသန်မာမှုကို စိုးရိမ်နေတဲ့ တီကိုနည်းပြ ဆီမြွန်နီ

1:15 PM, 16 April

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ဒေါ့မွန်အသင်းရဲ့ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲမတိုင်ခင် ဂျာမန်ကလပ်ရဲ့အိမ်ကွင်းသန်မာမှုကို စိုးရိမ်မိကြောင်း ပြောကြားလိုက်ပါတယ်။တီကိုအသင်းဟာ ၇ နှစ်အတွင်း ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ဖို့ ပစ်မှတ်ထားနေပြီး ဒုတိယအကျော့အဖြစ် ဒေါ့မွန်အိမ်ကွင်းမှာ ကန်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဆီမြွန်နီက ဒေါ့မွန်အသင်းရဲ့အိမ်ကွင်းက မိမိတို့ကိုပြဿနာပေးနိုင်ကြောင်း သိရှိထားတာဖြစ်ပါတယ်။ “သူတို့က အိမ်ကွင်းမှာ အရမ်းသန်မာတဲ့အသင်းပါ။ အစပိုင်းမှာ အမြင့်ဆုံးအရှိန်နဲ့စတင်မှာ သေချာပါတယ်။ ပြီးခဲ့တဲ့ပွဲအနည်းငယ်က ကစားခဲ့တဲ့အဆင့်အတန်းအတိုင်း ကျွန်ောတ်တို့ဆက်ထိန်းထားဖို့ လိုအပ်ပါတယ်။သန်မာစွာနဲ့ သူတို့ပွဲထွက်လာမှာသေချာပါတယ်။ သူတို့တောင်ပံတွေမှာ ကျွမ်းကျင်မှုပြည့်ဝတဲ့ကစားသမားတွေအများကြီးပါ။ ကွင်းလယ်လည်းအတူတူပါပဲ။တည်ကန်ဘောတွေလည်းသူတို့က အရမ်းကောင်းသလို ဒီပွဲက ကျွန်တော်တို့အတွက် ခက်ခဲနိုင်တယ်ဆိုတာ သိရှိထားပြီးသားပါ”လို့ ဆီမြွန်နီက ပြောကြားခဲ့ပါတယ်။

#အက်သလက်တီကို #ဒေါ့မွန် #ဆီမြွန်နီ