ရှေ့သို့
Image

အာဆင်နယ် နဲ့ လီဗာပူးတို့ခြေချော်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပတ်သက်ပြီး စူပါကွန်ပျူတာ ဟောကိန်းထုတ်

9:31 AM, 16 April

အခုနှစ်ပရီးမီးယားလိဂ်ချန်ပီယံဆုကို အာဆင်နယ် ၊ မန်စီးတီး နဲ့ လီဗာပူးတို့ ၃ သင်းက အားပြိုင်နေတာဖြစ်ပြီး လက်ကျန် ၆ ပွဲသာကန်ဖို့ကျန်တော့တာဖြစ်ပါတယ်။မန်စီးတီးဟာ အခုအပတ်မတိုင်ခင်တုန်းက အာဆင်နယ် ၊ လီဗာပူးတို့နောက်မှာ ၁ မှတ်အကွာနဲ့ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် လူတန်တောင်းကို ၅-၁ နဲ့အနိုင်ရပြီးနောက် အမှတ်ပေးဇယားကို ယာယီဦးဆောင်နိုင်ခဲ့ကာ အဲ့နောက် တနင်္ဂနွေနေ့မှာ လီဗာပူး နဲ့ အာဆင်နယ်တို့က အသီးအသီးခြေချော်ခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါအနေအထားကြောင့် မန်စီးတီးအသင်းဟာ အမှတ်ပေးဇယားမှာ အာဆင်နယ် နဲ့ လီဗာပူးတို့ကို ၂ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။၆ ပွဲအလိုမှာပဲ စူပါကွန်ပျူတာက ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပတ်သက်ပြီး ခန့်မှန်းလိုက်ပါတယ်။ အဆိုပါခန့်မှန်းမှုမှာ မန်စီးတီးက အာဆင်နယ် နဲ့ လီဗာပူးတို့ိကိုကျော်ဖြတ်ပြီး ချန်ပီယံဖြစ်မယ်လို့ ဆိုလိုက်ပါတယ်။စီးတီးက ၈၆ မှတ်နဲ့ အဆင့် ၁ နေရာမှာရပ်တည်နိုင်မှာဖြစ်ပြီး အာဆင်နယ်က ၈၅ မှတ်နဲ့ ဒုတိယ ၊ လီဗာပူးက ၈၄ နဲ့ တတိယနေရာမှာ ရပ်တည်မှာဖြစ်ကာ ဗီလာက ၆၉ မှတ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်လို့ စူပါကွန်ပျူတာက ခန့်မှန်းခဲ့ပါတယ်။

တော့တင်ဟမ်က အဆင့် ၅ နေရာ နဲ့ နယူးကာဆယ် ၊ ယူနိုက်တက် ၊ ချဲလ်ဆီးတို့က အသီးသီးအဆင့်လိုက်ရပ်တည်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။တန်းဆင်းမယ့်အသင်းတွေအဖြစ် လူတန်တောင်း ၊ ဘန်လေ နဲ့ ရှက်ဖီးလ်တို့ကို ခန့်မှန်းခဲ့ပြီး အဲဗာတန် ၊ ဘရန့်ဖို့ဒ် နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ တန်းတင်ကျန်ရစ်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

#လီဗာပူး #အာဆင်နယ် #ပရီးမီးယားလိဂ်