ရှေ့သို့
Image

ဘာစီလိုနာကနေ ဒမ်ဘီလီထွက်ခွာသွားတာဟာ သူ့အပေါ် ခံရခက်စေပါတယ်လို့ ပြောလိုက်တဲ့ ဇာဗီ

9:23 AM, 16 April

ဇာဗီက အူစမာနီဒမ်ဘီလီတစ်ယောက် ဘာစီလိုနာကနေ ထွက်ခွာသွားတာဟာ သူ့အပေါ် ခံရခက်စေပါတယ်လို့ ပြောသွားခဲ့ပါတယ်။ဘာစီလိုနာအသင်ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီကို ၃-၂ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ၂၀၁၈-၁၉ရာသီနောက်ပိုင်း ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ဖို့ နီးစပ်နေပါတယ်။မောင့်ဂျူအစ်ကွင်းထဲမှာ ပီအက်စ်ဂျီကို ဧည့်ခံကစားမယ့်ပွဲစဉ်မတိုင်ခင် ဇာဗီက ပြီးခဲ့တဲ့နွေရာသီ ဘာစီလိုနာကနေ ဒမ်ဘီလီ ထွက်ခွာသွားတဲ့အပေါ် ကျေနပ်ခြင်းမရှိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဒမ်ဘီလီကို စာချုပ်ဖျက်သိမ်းကြေး ပေါင်၄၃သန်းပေးကာ ခေါ်ယူသွားခဲ့ပါတယ်။ဒမ်ဘီလီဟာ ပထမအကျော့ပွဲစဉ်က အသင်းဟောင်း ဘာစီလိုနာဘက်ကို ဂိုးသွင်းခဲ့ပြီးနောက် အောင်ပွဲခံခဲ့ပါတယ်။ဇာဗီက "ဒမ်ဘီလီ ထွက်သွားတာဟာ အလွန်ထူးခြားတဲ့ အခိုက်အတန့်ဖြစ်လို့ ကျွန်တော့်ကို ခံရခက်စေပါတယ်။ ကျန်တော် နှမြောနေတာမျိုးမရှိဘဲ ပွဲအတွင်းမှာ ကျွန်တော် လေးစားမှုအပြည့်နဲ့ နှုတ်ဆက်သွားပါမယ်။ ကျွန်တော်က သူ့အပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့ပါတယ်။ကျွန်တော်ကတော့ သူ့အပေါ်မှာ လေးစားမှုအပြည့်နဲ့ အသိအမှတ်ပြုထားပါတယ်။ ပရိသတ်တွေကတော့ သူခံစားရတဲ့အတိုင်း လုပ်မှာပါပဲ။"လို့ ပြောသွားခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီနဲ့ပွဲစဉ်ပြီးရင် ရီးရဲလ်မက်ဒရစ်နဲ့ အယ်လ်ကလက်စီကိုပွဲစဉ် ဆက်ကစားရမှာ ဖြစ်ပါတယ်။

#ဘာစီလိုနာ #ဇာဗီ #ဒမ်ဘီလီ