ရှေ့သို့
Image

တိုက်စစ်ပိုင်းနေရာအတွက် ဘရန့်ဖို့ဒ်စတားကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်

5:22 PM, 15 April

ဘရန့်ဖို့ဒ်အသင်းဟာ စာချုပ်သက်တမ်း ၁၂ လသာကျန်တော့တဲ့ တိုက်စစ်မှူး တိုနေးကို လာမယ့်နွေရာသီမှာ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

ပျားတွေဟာ သူတို့တိုက်စစ်မှူးကို အလွတ်နဲ့မဆုံးရှုံးချင်တာကြောင့် နွေရာသီမှာ ရောင်းထုတ်ဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

မယ်ရာသတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းနေရာအတွက် တိုနေးကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


ဇန်နဝါရီတုန်းက အာဆင်နယ် နဲ့ ချဲလ်ဆီးတို့က အင်္ဂလန်သားကို ချိတ်ဆက်ခဲ့ကြသေးပေမယ့် အခုချိန်မှာတော့ ပစ်မှတ်ပြောင်းလဲခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်ကတော့ လာမယ့်နွေမှာ လိုက်ပ်ဇစ်စတား ဆက်စ်ကို ၊ စပို့တင်းစတား ဗစ်တာဂိုကာရက်စ်တို့ကိုပစ်မှတ်ထားနေပါတယ်။

ချဲလ်ဆီးကလည်း အခြားပစ်မှတ်တွေလိုက်ကြည့်နေပြီး တိုနေးကို ပေါင်သန်း ၄၀ လောက်နဲ့ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

ယူနိုက်တက်ကတော့ ဟွိုက်လန်းရှိနေပေမယ့် အတွေ့အကြုံရှိတဲ့တိုက်စစ်မှူးတစ်ဦး ထပ်မံခေါ်ယူချင်နေပါတယ်။


တိုနေး နဲ့ ဘရန့်ဖို့ဒ်တို့ဇာတ်လမ်းက ရာသီအကုန်မှာပြီးဆုံးမှာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ထိပ်တန်းအသင်းတစ်သင်းမှာ ကစားချင်နေပါတယ်။

ဘရန့်ဖို့ဒ်ဟာ ဧပြီလ ၂၀ ရက်နေ့မှာ လူတန်တောင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး တိုနေးတစ်ယောက် ဒဏ်ရာသက်သာလာခဲ့ရင် ပါဝင်လာဖွယ်ရှိနေပါတယ်။


#အာဆင်နယ် #ဘရန့်ဖို့ဒ် #ပရီးမီးယားလိဂ်