ရှေ့သို့
Image

စပို့တင်းကန်ဆက်အား အနိုင်ရရှိဖို့က ဘာလို့ အလွန်အရေးကြီးလဲဆိုတာ အင်တာမီယာမီနည်းပြ

5:20 PM, 15 April

စပို့တင်းကန်ဆက်နဲ့ပွဲတွင် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီးနောက် ဒါဟာ သူ့အသင်းအတွက် ရုန်းထွက်ဖို့ အဓိကအချက်ဖြစ်တယ်လို့ အင်တာမီယာမီနည်းပြ တာတာမာတီနိုက ပြောကြားလိုက်ပါတယ်။


မီယာမီဟာ စနေနေ့ညက Arrowhead အားကစားကွင်းရှိ ပရိသတ် ၇၀၀၀၀ ကျော်ရဲ့ ရှေ့မှောက်တွင် ခက်ခက်ခဲခဲ အကြိတ်အနယ်ကစားပြီး အောင်ပွဲနိုင်ခဲ့ကာ ပြိုင်ပွဲအရပ်ရပ်တွင် ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။


ဒီရေဂိုဂိုးမက်ဇ်က ၁၂ မိနစ်တွင် ချေပဂိုးမသွင်းခင် ပွဲကစားချိန် ၆ မိနစ်မှာ အိမ်ရှင်အသင်းအတွက် အဲရစ်တွန်မီက အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းအစ လီယွန်နယ်မက်ဆီရဲ့သွင်းဂိုးကြောင့် ၂-၁ ဖြစ်သွားခဲ့ပါတယ်။


၅၈ မိနစ်မှာ တွန်မီက ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့တာကြောင့် ၂-၂ ဂိုး သရေကျနေပြီး ပွဲပြီးဖို့ ၁၉ မိနစ်အလို ၇၁ မိနစ်မှာ ဆွာရက်ဇ်က အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် အင်တာမီယာမီတို့ အနိုင် ၃ မှတ် ရရှိခဲ့ပါတယ်။


ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက မွန်တာရီကို ရှုံးနိမ့်ကာ CONCACAF ချန်ပီယံဖလားကနေ ထွက်ခဲ့ရပြီးနောက် အင်တာမီယာမီအတွက် အကောင်းဆုံး တုံ့ပြန်မှုတစ်ခုဖြစ်ခဲ့ပါတယ်။


"ရပ်တည်မှုမှာ ပထမဖြစ်ရတာ သက်တောင့်သက်သာဖြစ်ပါတယ် အထူးသဖြင့် အကြာကြီးရပ်တည်နိုင်ရင် ပိုကောင်းပါတယ်"


"အရှုံးတွေ ၊ အမှားလုပ်မိတာတွေ ရုံးထွက်နိုင်ဖို့ပြီး ရှည်လျားကြမ်းတမ်းတဲ့ ရက်သတ္တပတ်ရဲ့အဆုံးမှာ အနိုင်ရနိုင်တယ်ဆိုတဲ့ ခံစားချက်ကို ပြန်လည်ရရှိဖို့က ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်" လို့ နည်းပြက ပြောပါတယ်။


ဒီနိုင်ပွဲမတိုင်ခင် မတ်လလယ်မှာ အင်တာမီယာမီဟာ ဒီစီယူနိုက်တက်ကို အဝေးကွင်းမှာ နောက်ဆုံးအနိုင်ရခဲ့ပါတယ်။ အဲ့ဒီအချိန်မှစပြီး နယူးယော့ခ်ရက်ဘူး နှင့် မွန်တာရီ တို့ကို ရှုံးနိမ့်ပြီးနောက် ယခုရလဒ်ဟာ လိုအပ်နေတဲ့ တွန်းအားတစ်ခုဖြစ်ပြီး မက်ဆီရဲ့အသင်းဟာ MLS Eastern Conference တွင် ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့ပါတယ်။


အင်တာမီယာမီဟာ အမှတ်ပေးဇယား အောက်ခြေနားက နက်ချ်ဗီးလ်နှင့် စနေနေ့ညတွင် MLS နောက်တစ်ပွဲအဖြစ် ကစားရမှာဖြစ်ပါတယ်။ ဒါဟာ ချန်ပီယံဖလား ၁၆ သင်းအဆင့်မှာ လွန်ခဲ့တဲ့တစ်လကျော်က အနိုင်ယူခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက် ပြန်လည်တွေ့ဆုံရခြင်းလည်းဖြစ်ပါတယ်။


#စပို့တင်း #အင်တာမီယာမီ