ရှေ့သို့
Image

ငယ်ဘဝကတည်းကရှိခဲ့တဲ့ အာဆင်နယ်ကို အမြဲချစ်နေမှာပါလို့ ပြောသွားတဲ့ မာတီနက်ဇ်

10:30 AM, 15 April

အက်စတွန်ဗီလာဂိုးသမား အီမီမာတီနက်ဇ်က မနေ့ညက အာဆင်နယ်ကို နှစ်ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် မြောက်လန်ဒန်အသင်းကို အမြဲချစ်နေမှာပါလို့ ပြောသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပထမပိုင်းအတွင်း အခွင့်အရေးများစွာရခဲ့ပေမယ့် ဂိုးကံခေနေခဲ့သလို မာတီနက်ဇ်ကလည်း အထူးလက်စွမ်းပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။


ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ ကစားအားကျသွားချိန်မှာ အမ်မရီရဲ့ဗီလာက အကောင်းဆုံး အခွင့်ကောင်းယူကာ နောက်ကျဂိုးတွေကို သွင်းယူပြီး အမ်းမရိတ်မြေမှာ နိုင်ပွဲရယူသွားခဲ့ပါတယ်။

ပွဲအပြီးမှာ မာတီနက်ဇ်က "ကျွန်တော် အသက်၁၀နှစ်လောက်ကတည်းက အာဆင်နယ်မှာ ရှိခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော် ဒီမှာ သူငယ်ချင်းတွေရှိနေတုန်းပါပဲ။ ကျွန်တော် ဒီနေရာကို ကောင်လေးတစ်ယောက်အနေနဲ့ရောက်လာပြီး ရင့်ကျက်တဲ့လူတစ်ယောက်အဖြစ် ပြန်ထွက်လာနိုင်ခဲ့ပါတယ်။


ကျွန်တော် ဒီအသင်းကို အမြဲချစ်နေမှာပါ။ သူတို့က ဒုတိယနေရာမှာ ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးလည်း ရှိနေပါတယ်။ ကျွန်တော် အာတီတာနဲ့ အလုပ်လုပ်ဖူးတာကြောင့် သူဘယ်လောက်တော်တယ်ဆိုတာ ကျွန်တော်သိပါတယ်။"လို့ ပြောခဲ့ပါတယ်။


အာဆင်နယ်အသင်းဟာ ဗီလာကို ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံဆုအိပ်မက် မှေးမှိန်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့ညမှာတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#အာဆင်နယ် #အက်စတွန်ဗီလာ #မာတီနက်ဇ် #ပရီးမီးယားလိဂ်