ရှေ့သို့
Image

နယူးကာဆယ်ကို အရှက်တကွဲရှုံးနိမ့်ပြီးနောက် ပရိသတ်တွေကို တောင်းပန်စကားဆိုလာတဲ့ မက်ဒီဆင်

8:06 PM, 14 April

 တော့တင်ဟမ် ကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်က သူ့ရဲ့အသင်းဟာ ယမန်နေ့က နယူးကာဆယ်ကို အဝေးကွင်းမှာ ၄-၀ နဲ့ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ပွဲအပြီးမှာတော့ ပရိသတ်တွေကို တောင်းပန်စကားဆိုလာခဲ့ပါတယ်။ 

အဆိုပါပွဲစဉ်မှာ တော့တင်ဟမ်ဟာ ၁ ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ပထမပိုင်းမှာ အီဆက်နဲ့ ဂေါ်ဒွန်တို့ရဲ့ သွင်းဂိုး၊ ဒုတိယပိုင်းမှာ အီဆက်၊ ရှား တို့ရဲ့သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပြီး ၄- ၁ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ မက်ဒီဆင်က “အသင်းရဲ့ပရိသတ်တွေလိုပါပဲ။ ကျွန်တော်တို့လည်း စိတ်ပျက်မိပါတယ်။ ဒီနေ့ပွဲကတော့ ပရိသတ်တွေကို တောင်းပန်ရုံပဲတတ်နိုင်ပါတော့တယ်။ အသင်းက အခြေအနေဆိုးနဲ့ ရင်ဆိုင်ရချိန်မှာတောင် ပရိသတ်တွေက လက်ခုပ်တီးပြီး အားပေးနေတုန်းပါပဲ။ ကျွန်တော်တို့နဲ့ အတူ ရှိနေပေးခဲ့လို့ ကျေးဇူးလည်းတင်ပါတယ်။ ဒါပေမယ့် အမှတ်ပေးဇယားမှာတော့ ကျွန်တော်တို့ တစ်ဆင့် ကျသွားပါပြီ။ ဒါကို ကျွန်တော်တို့ လက်ခံရပါမယ်။ မှန်ထဲကို ကြည့်ပြီး ဒါက မလုံလောက်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်သတိပေးရပါမယ်”

“သူတို့ရသွားတဲ့ ဂိုးတွေက ဖရိုဖရဲတွေမဟုတ်ပါဘူး။ ကံကောင်းလို့ရသွားတဲ့ ဂိုးလည်းမပါပါဘူး။ ကျွန်တော်တို့က လုံလောက်တဲ့ စွမ်းဆောင်ရည် မပြသနိုင်ခဲ့ကြတာပါ။ ပရီးမီးယားလိဂ်မှာ အသင်းတိုင်းက အန္တရာယ်ရှိပြီး လာမယ့် ပွဲစဉ်မှာလည်း ပွဲကြီးပွဲကောင်းတစ်ပွဲနဲ့ ကြုံရပါဦးမယ်” လို့ပြောကြားခဲ့ပါတယ်။ 

အသင်းနည်းပြ ပိုစတီကိုဂလူကတော့ သူ့ရဲ့အသင်းအာ လာမယ့် အာဆင်နယ်နဲ့ပွဲစဉ်မှာတော့ ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဩစတြေးလျသားက “ကျွန်တော် အသင်းရဲ့နေရာတိုင်းကို စိတ်ပူခဲ့ရပါတယ်။ ဧရိယာတိုင်းမှာ အားနည်းချက်ရှိခဲ့တာပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ဝေဖန်နေဖို့ အချိန်သိပ်မရှိပါဘူး။ နောက်ထပ် အရေးပါတဲ့ပွဲတွေအတွက် ပြင်ဆင်ရပါဦးမယ်။ လာမယ့် ပွဲအတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေဖို့လိုပြီး ကွဲပြားခြားနားတဲ့ ကစားပုံကို ပြသသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

#တော့တင်ဟမ် #နယူးကာဆယ် #မက်ဒီဆင်