ရှေ့သို့
Image

နယူးကာဆယ်ကို ဂိုးပြတ်ရှုံးခဲ့ပေမယ့် အာဆင်နယ်နဲ့ပွဲကို မစိုးရိမ်ဘူးလို့ ပြောလာတဲ့ ပိုစတီကိုဂလူ

9:52 AM, 14 April

အန်ဂီပိုစတီကိုဂလူက လာမယ့် အာဆင်နယ်၊ လီဗာပူး၊ မန်စီးတီးတို့နဲ့ပွဲကြီးပွဲကောင်းပွဲစဉ်တွေအတွက် စိတ်မပူပါဘူးလို့ ပြောခဲ့ပါတယ်။တော့တင်ဟမ်အသင်းဟာ မနေ့ညက နယူးကာဆယ်နဲ့ပွဲစဉ်မှာ ခံစစ်ပိုင်းအားနည်းချက်တွေကြောင့် လေးဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။အဆိုပါရှုံးပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်မှန်းနေတဲ့ တော့တင်ဟမ်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ရပါတယ်။

အာဆင်နယ်၊ လီဗာပူး၊ မန်စီးတီးတို့ ကစားရမယ့်အပေါ် စိတ်မပူဘူးလားလို့မေးတဲ့အခါ ပိုစတီကိုဂလူက "နိုးပါဗျာ။"လို့ပဲ ရှင်းရှင်းလင်းဖြေကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ပိုစတီကိုဂလူက "ဂိုးပြတ်ရှုံးလို့ဆိုပြီး စိတ်မကောင်းဖြစ်နေလို့မရပါဘူး။ လာမယ့်နှစ်ပတ်အတွင်း နောက်ပွဲကစားရပါမယ်။ အဲ့ဒီပွဲအတွက် ကျွန်တော်တို့ အသင့်ဖြစ်နေဖို့ လုပ်ထားရပါမယ်။ ဒါမျိုးဖြစ်ဖူးတာ ပထမဆုံးမဟုတ်ဘဲ နောက်ဆုံးလည်းမဟုတ်ပါဘူး။

ဒါက ကျွန်တော်တို့ တိုးတက်မှုရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ တစ်ခါတစ်လေမှာ ရင့်ကျက်မှုက နာကျင်ရတာမျိုးရှိပါတယ်။ အဲ့ဒါတွေကို လာမယ့်စိန်ခေါ်မှုတွေအတွက် အသုံးချနိုင်ရပါမယ်။ နယူးကာဆယ်က အရမ်းကောင်းတာကို အသိအမှတ်ပြုရပါမယ်။ သူတို့ အရမ်းကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ဒီပွဲမှာ ဘာမှကိုမလုပ်နိုင်ခဲ့ပါဘူး။"လို့ ပြောသွားခဲ့ပါတယ်။


#အာဆင်နယ် #နယူးကာဆယ် #ပိုစတီကိုဂလူ