ရှေ့သို့
Image

ဘုန်းမောက်နဲ့ပွဲက ဂါနာချိုရဲ့စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေပြုလုပ်သွားတဲ့ တန်ဟတ်

9:50 AM, 14 April

အဲရစ်တန်ဟတ်က မနေ့ည ဘုန်းမောက်နဲ့ပွဲစဉ် ပထမပိုင်းအပြီးမှာတင် ဂါနာချိုကို လူစားလဲခဲ့တာဟာ အသင်းကို ပြင်ဆင်နိုင်ဖို့ဖြစ်တယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ ဘုန်းမောက်နဲ့ပွဲစဉ်မှာ ခြေစွမ်းပိုင်းဆိုးရွားခဲ့ပြီး အမှားတွေကြောင့် သွင်းဂိုးနှစ်ဂိုးခွင့်ပြုပေးခဲ့ရကာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ချေပဂိုးနှစ်ဂိုးကြောင့်သာ သရေရခဲ့တာ ဖြစ်ပါတယ်။

လူငယ်ကြယ်ပွင့်လေး ဂါနာချိုဟာလည်း ပထမပိုင်းအတွင်း ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းအစမှာ ဒီယာလိုနဲ့လူစားလဲခံခဲ့ရပါတယ်။ပွဲအပြီးမှာ တန်ဟတ်က "ကလွိုက်ဗက်ရဲ့ဂိုးက အရင်ကလည်း အဲ့ဒီလိုဖြစ်ဖူးပါတယ်။ ဆိုလန်ကီက နောက်ဆင်းလာတဲ့အချိန် ကျွန်တော်တို့ ကြိုတင်မျှော်မှန်းထားခြင်းမရှိဘဲ စည်းစည်းလုံးလုံးလုပ်ရမယ့်အရာတစ်ခုကို မလုပ်ခဲ့ပါဘူး။ အဲ့ဒီမှာ ပေါက်ထွက်နေတဲ့နေရာကို တားဆီးဖို့ လိုအပ်ခဲ့ပါတယ်။ညာတောင်ပံမှာ နေရာလွတ်အကြီးကြီးဖြစ်နေပြီး ကလွိုက်ဗက်က ဘောလုံးမရခဲ့သင့်ပေမယ့် ရသွားတဲ့အချိန်မှာလည်း လိုက်ပြီး ပိတ်ဆို့နိုင်ရပါမယ်။ အဲ့ဒါကြောင့် ညာတောင်ပံမှာ ပြင်ဆင်ဖို့ လိုအပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘဲ နေရာလွတ်တွေပေးနေတာကြောင့် လူစားလဲဖို့လိုအပ်ခဲ့ပါတယ်။ဂါနာချိုက တစ်ပတ်လုံး လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ဘဲ မနေ့ကပဲ ပြန်ဆင်းနိုင်ခဲ့တာဖြစ်လို့ အင်အားအပြည့်၊ အရည်အသွေးကောင်းဲ့ ကစားသမားတစ်ယောက်ကို ညာတောင်ပံမှာ ထည့်ကစားရမယ်ဆိုပြီး ယူဆခဲ့ကြပါတယ်။"လို့ ပြောခဲ့ပါတယ်။ဂါနာချိုကတော့ တန်ဟတ်ရဲ့ လူစားလဲမှုအပေါ် စိတ်ပျက်နေဟန်ရှိပြီး နယ်သာလန်ရဲ့လူစားမှုအပေါ် ဝေဖန်ထားတဲ့ Postတွေကို Likeလုပ်သွားခဲ့ပါတယ်။


#ဘုန်းမောက်လ် #ဂါနာချို #တန်ဟတ်