ရှေ့သို့
Image

ဘုန်းမောက်နဲ့ပွဲမှာ ယူနိုက်တက်က သရေတစ်မှတ်ထက်ပိုမထိုက်တန်ခဲ့ပါဘူးလို့ တန်ဟတ်ဝန်ခံ

9:46 AM, 14 April

ရလဒ်မကောင်းတဲ့ပွဲတိုင်းလိုလို အနိုင်ရခဲ့သင့်တယ်ဆိုပြီး ပြောဆိုတတ်တဲ့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က မနေ့ည ဘုန်းမောက်နဲ့ပွဲမှာတော့ သရေတစ်မှတ်ထက်ပိုမထိုက်တန်ခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ နှစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်အတွင်း ခြေစွမ်းပိုင်းဆိုးရွားခဲ့ကာ ဘရူနိုဖာနန်ဒက်စ်ရဲ့ပင်နယ်တီဂိုးကြောင့်သာ အဝေးကွင်းမှာ သရေရခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ တန်ဟတ်က "ဒီလိုခြေစွမ်းမျိုးက မလုံလောက်ဘူးဆိုတာ ကျွန်တောတို့သိပါတယ်။ ရာသီကုန်ခါနီးမှာ ဒီလိုခြေစွမ်းမျိုးက မလုံလေောက်ပါဘူး။ ကျွန်တော်တို့ ဒီညပွဲမှာ သရေတစ်မှတ်ထက်ပိုမရခဲ့သင့်တာ အမှန်တရားပါပဲ။ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင်လုပ်ရမယ်၊ ပွဲကို ထိန်းချုပ်ပြီး ဂိုးသွင်းရာမယ်၊ အခွင့်အရေးတွေအများကြီး ပေးလို့မဖြစ်ပါဘူး။ပထမဂိုးမှာ ကျွန်တောို့ အကောင်းဆုံး စတင်နိုင်ခဲ့ပေမယ့် မဖြစ်သင့်တဲ့နေရာတစ်ခုမှာ ဘောလုံးဆုံးခဲ့ပြီး ဂိုးပေးလိုက်ရပါတယ်။ ဘောလုံးပေးတဲ့အချိန်မှာ ဒီထက်ပိုကောင်းအောင်လုပ်ရမယ့် ၂ကြိမ်၊ ၃ကြိမ်လောက်ရှိခဲ့ပါတယ်။အဲ့ဒီနောက် ညာတောင်ပံကနေ ပြိုင်ဘက်က ဒုက္ခပေးသွားခဲ့ပါတယ်။ ဒီနေရာမှာလည်း ကျွန်တော်တို့ လုပ်ရမယ့်အရာတွေရှိခဲ့ပေမယ့် မလုပ်ပြနိုင်ခဲ့ပါဘူး။ အဲ့ဒီအချိန်မှာ ပြဿနာတွေ တက်လာတာပါပဲ။ ပြိုင်ဘက်နဲ့အတူ လိုက်သွားရမှာက သူ့ရဲ့တာဝန်ပါ။ ဘောလုံးမှာ အပိုင်းတစ်ခုက ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး နောက်တစ်ခုက စည်းကမ်းရှိတာပါ။"လို့ ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး တန်ဟတ်က "ကျွန်တော်တို့အသင်းက ကျစ်လစ်မှုရှိပြီး အရည်အချင်းလည်းရှိသလို နိုင်ပွဲလိုချင်ကြပါတယ်။ ကျွန်တော်တို့ နှစ်ကြိမ်တိုင် ရှုံးနိမ့်နေရာကနေ ပြန်လာနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းခဲ့ပြီး တာဝန်ပိုယူနိုင်ခဲ့ကာ တောင်ပံတွေကို ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။"လို့ ဆိုခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ ပြိုင်ဘက် တော့တင်ဟမ်အသင်း ဂိုးပြတ်ရှုံးနိမ့်မှုကို အခွင့်ကောင်းမယူနိုင်ခဲ့ဘဲ သရေတစ်မှတ်သာရရှိခဲ့တာလည်း ဖြစ်ပါတယ်။


#မန်ချက်စတာယူနိုက်တက် #ဘုန်းမောက်လ် #တန်ဟတ်