ရှေ့သို့
Image

အာဆင်နယ်နှင့်ပွဲမှာ ဆာကာကို ဘယ်သူထိန်းမလဲဆိုတာ အရိပ်အမြွက် ပြောကြားလိုက်တဲ့ တူချယ်

3:52 PM, 13 April

အင်္ဂါနေ့က အမ်မရိတ်မှာ ကစားခဲ့တဲ့ပွဲမှာ မန်စီးတီးတောင်ပံကစားသမားဟောင်းက ခြေစွမ်းပြသခဲ့တာဖြစ်ပြီး ၂-၂ ဂိုး သရေကျခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်ဟာ ဆီမီးဖိုင်နယ်သို့ ရောက်ရှိဖို့ ရေပန်းစားလျက်ရှိပါတယ်။


ကစားသမားဘဝတစ်လျှောက်မှာ ခြေစွမ်းပြသမှုတွေရှိခဲ့တဲ့ ဆာနေးဟာ အဆိုပါပွဲရဲ့ ၆၆ မိနစ်တွင် ဒဏ်ရာကြောင့် လူစားလဲခြင်းခံလိုက်ရပါတယ်။


မနက်ဖြန်မှာတော့ ဘိုင်ယန်မြူးနစ်ဟာ ကိုလုံးနှင့် ကစားရမှာဖြစ်ပြီး ဂျာမန်ဘီလူးကြီးဟာ လေဗာကူဆင်အသင်းရဲ့ ပထမဆုံး ဘွန်ဒက်စ်လီဂါဆုဖလားရရှိမှုကို ကြည့်နေရတော့မှာဖြစ်ပါတယ်။


အာဆင်နယ်နှင့်ကစားမယ့် ဒုတိယအကျော့တွင် ဦးစားပေးကစားသမားတွေ အင်အားပြည့်နေဖို့အတွက် တူချယ်ဟာ ပွဲထွက်စာရင်းကို အများကြီး ပြောင်းလဲလာနိုင်ပါတယ်။


"ဆာနေရဲ့ ခန္ဓာကိုယ်က တုန့်ပြန်မှုတွေရှိပြီး ကစားနိုင်ဖို့ မျှော်လင့်ရပါတယ်။ သူက မနက်ဖြန်ပွဲမှာ နားရဖွယ်ရှိနေပါတယ်။ နူအာကတော့ ကစားနိုင်မှာပါ။ ပယ်လိုဗစ်ကတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပြီး ကစားခွင့် ရရှိမှာပါ"


"ဒါဟာ ဆာနေးရဲ့ ခံနိုင်ရည် ဘယ်လောက်ရှိသလဲဆိုတာတွေ့ရတာဖြစ်ပြီး အာဆင်နယ်နဲ့ပွဲမှာ ကစားနိုင်ဖို့ ကျွန်တော်တို့အားလုံးက ကြိုးစားနေပါတယ်"


"သူက အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပွဲကြီးပွဲကောင်းတစ်ပွဲကို ကစားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့တုန့်ပြန်ချက်ကို တွေ့လိုက်ရကတည်းက ဗုဒ္ဓဟူးနေ့ပွဲအတွက် ကျွန်တော်တို့က အာရုံစိုက်ထားခဲ့ပါတယ်"


"သူ့အတွက် အစီစဉ်ထားမှုကတော့ တနင်္ဂနွေ ဒါမှမဟုတ် တနင်္လာနေ့မှာ ပြန်လာဖို့ဖြစ်ပါတယ်။ သူက ကစားမယ်ဆိုရင်လည်း ကံမကောင်းပါက ဆီးစပ်ရိုးက တုန့်ပြန်မှုကို ရရှိမှာဖြစ်ပါတယ်"


"သူ့ရဲ့အခြေအနေကတော့ ရှင်းနေပါတယ်။ အောက်တိုဘာလကတည်းက သူ့ရဲ့အကောင်းဆုံးဂိုတွေမြင်ရဖို့ ကျွန်တော်တို့ စောင့်နေခဲ့တာပါ"


"သူက ရာသီကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး တဖြည့်ဖြည်းနဲ့ကျသွားတာပါ။ အာဆင်နယ်နဲ့ ပထမအကျော့မတိုင်မီ မျှော်လင့်ချက်တွေက ကြီးမားပါတယ်"


"သူ့ကိုယ်သူလည်း တွန်းအားပေးလုပ်နိုင်မယ်လို့ မျှော်လင့်ပြီး အဲ့ဒီနောက် သူက ကျွန်တော်တို့ရဲ့အဓိက ကစားသမားဖြစ်လာမှာဖြစ်ပါတယ်" လို့ တူချယ်က ပြောပါတယ်။


အယ်ဖုန်ဆိုဒေးဗီစ်က ပွဲပယ်ခံလိုက်ရတာကြောင့် အာဆင်နယ်နှင့်ပွဲမှာ ဘယ်နောက်တန်းနေရာအတွက် တူချယ်က ဖြေရှင်းရမှာဖြစ်ပြီး သူ့မှာရွေးချယ်စရာတွေ အများကြီးရှိတယ်လို့တော့ ပြောကြားထားပါတယ်။


"ကျွန်တော်တို့မှာ ရွေးချယ်စရာတွေရှိပါတယ်။ မော်ရိုကိုအတွက် မာဇ်ရာအိုရီက အဲ့ဒီနေရာမှာကစားဖူးသလို ဂူယာရီရိုနှင့်လည်း တိုက်ရိုက်ပြောင်းလဲပြီး ကစားလို့ရပါတယ်"


"သူတို့ ၂ဦးစလုံးက ကိုလုံးနဲ့ပွဲမှာ ပွဲချိန်ပြည့်ကစားမလားဆိုတာ ကျွန်တော်လည်းမသိသေးပါဘူး ဒါပေမဲ့ ဗုဒ္ဓဟူးနေ့အတွက် အဆင့်သင့်ဖြစ်ဖို့ သူတို့ကို အချိန်ပေးသွားမှာဖြစ်ပါတယ်" လို့ တူချယ်က ပြောပါတယ်။

#တူချယ် #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ်