ရှေ့သို့
Image

ယနေ့ည ၈း၃၀မှာ ကစားမယ့် ဘရန့်ဖို့ဒ် - ရှက်ဖီးလ်ယူနိုက်တက် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

6:10 AM, 13 April

ဘရန့်ဖို့ဒ် ဒဏ်ရာရလူစာရင်း - ဒါဆေးလ်ဗား၊ ဟင်နရီ၊ ဘန်မီး၊ ဟစ်ကီ၊ ကီဗင်ရှိတ်(သေချာပေါက်လွဲ)၊ နော်ဂတ်၊ ပင်နော့(မသေချာ)

ရှက်ဖီးလ်ယူနိုက်တက် ဒဏ်ရာရလူစာရင်း - လိုဝီ၊ နော်ရင်တန်​ဒေးဗီးစ်၊ ဘာရှန်း၊ အီဂန်၊ ဘယ်ဒေါ့၊ တွမ်ဒေးဗီးစ်၊ ဘရူစတား(သေချာပေါက်လွဲ)


ဘရန့်ဖို့ဒ်အသင်းဟာ ဗီလာနဲ့ပွဲမှာ ၂ဂိုးရှုံးနေရာကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး သရေရခဲ့​ပေမယ့် ပရီးမီးယားလိဂ် နောက်ဆုံး၉ပွဲဆက် နိုင်ပွဲပျောက်နေခဲ့ပါတယ်။ ရှက်ဖီးလ်ကလည်း ချဲလ်ဆီးနဲ့ပွဲမှာ အကောင်းဆုံးကစားပြီး သရေရခဲ့ပေမယ့် ဇယားအောက်ဆုံးမှာသာရှိနေပါတယ်။ အမ်ဘွေမိုပါလာတဲ့ ဘရန့်ဖို့ဒ်တိုက်စစ်က ထက်မြင်လာသလို တန်းမဆင်းရရေး ရုန်းကန်နေတဲ့ ရှက်ဖီးလ်ကလည်း တိုက်စစ်ဖွင့်ကစားနေတာကြောင့် အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်သွားနိုင်ပါတယ်။

.

ဘရန့်ဖို့ဒ် - ရှက်ဖီးလ်ယူနိုက်တက် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်

-------------------------------------------------------------------------

ရှက်ဖီးလ်ယူနိုက်တက် ၁ - ၀ ဘရန့်ဖို့ဒ် (၉-ဒီဇင်ဘာ-၂၀၂၃)

ရှက်ဖီးလ်ယူနိုက်တက် ၂ - ၀ ဘရန့်ဖို့ဒ် (၁၃-မတ်-၂၀၁၉)

ဘရန့်ဖို့ဒ် ၂ - ၃ ရှက်ဖီးလ်ယူနိုက်တက် (၂၈-နိုဝင်ဘာ-၂၀၁၈)

ဘရန့်ဖို့ဒ် ၁ - ၁ ရှက်ဖီးလ်ယူနိုက်တက် (၃၀-မတ်-၂၀၁၈)

ရှက်ဖီးလ်ယူနိုက်တက် ၁ - ၀ ဘရန့်ဖို့ဒ် (၅-သြဂုတ်-၂၀၁၇)

.

ဘရန့်ဖို့ဒ် နောက်ဆုံး (၅) ပွဲရလဒ်

------------------------------

အက်စတွန်ဗီလာ ၃ - ၃ ဘရန့်ုဖို့ဒ် (၆-ဧပြီ-၂၀၂၄)

ဘရန့်ဖို့ဒ် ၀ - ၀ ဘရိုက်တန် (၄-ဧပြီ-၂၀၂၄)

ဘရန့်ဖို့ဒ် ၁ - ၁ ယူနိုက်တက် (၃၁-မတ်-၂၀၂၄)

ဘန်လေ ၂ - ၁ ဘရန့်ဖို့ဒ် (၁၆-မတ်-၂၀၂၄)

အာဆင်နယ် ၂ - ၁ ဘရန့်ဖို့ဒ် (၁၀-မတ်-၂၀၂၄)

.

ရှက်ဖီးလ်ယူနိုက်တက် နောက်ဆုံး (၅) ပွဲရလဒ်

------------------------------------------

ရှက်ဖီးလ်ယူနိုက်တက် ၂ - ၂ ချဲလ်ဆီး (၇-ဧပြီ-၂၀၂၄)

လီဗာပူး ၃ - ၁ ရှက်ဖီးလ်ယူနိုက်တက် (၅-ဧပြီ-၂၀၂၄)

ရှက်ဖီးလ်ယူနိုက်တက် ၃ - ၃ ဖူလ်ဟမ် (၃၀-မတ်-၂၀၂၄)

ဘုန်းမောက် ၂ - ၂ ရှက်ဖီးလ်ယူနိုက်တက် (၉-မတ်-၂၀၂၄)

ရှက်ဖီးလ်ယူနိုက်တက် ၀ - ၆ အာဆင်နယ် (၅-မတ်-၂၀၂၄)


#ပွဲကြိုသုံးသပ်ချက် #ဘရန့်ဖို့ဒ် #ရှက်ဖီးလ်ယူနိုက်တက် #ပရီးမီးယားလိဂ်