ရှေ့သို့
Image

သူသာ နုတ်ထွက်မယ်လို့ မကြေညာခဲ့ဘူးဆိုရင် ဘာစီလိုနာက စောစောစီးစီး ရာသီကုန်သွားလိမ့်မယ်လို့ ပြောလာတဲ့ ဇာဗီ

10:42 AM, 13 April

ဘာစီလိုနာနည်းပြ ဇာဗီက သူ့ရဲ့နုတ်ထွက်မယ်လို့ ကြေညာမှုဟာ အသင်းကို ရလဒ်ကောင်းတွေ ပြန်လည်ရရှိလာစေတယ်လို့ ပြောသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုအချိန်မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ခြေတစ်ဖက်လှမ်းထားနိုင်ပြီဖြစ်သလို လာလီဂါဆုဖလားအတွက်လည်း အသက်ရှိနေဆဲ ဖြစ်ပါတယ်။


ဇာဗီက "ကျွန်တော်က အသင်းက နုတ်ထွက်မယ်လို့ မကြေညာခဲ့ဘူးဆိုရင် အသင်းက ဘေးအန္တရာယ်ကြုံရပါလိမ့်မယ်။ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကြောင့် အသင်းက အကောင်းဆုံးကစားလာနိုင်တယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်သာ အဲ့ဒီလိုမလုပ်ခဲ့ဘူးဆိုရင် အခုလိုအဆင့်မှာ ပါဝင်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော်ကတော့ နုတ်ထွက်တာကို ပြန်လည်စဉ်းစားသွားမှာမဟုတ်ပါဘူး။ ဘာမှလည်း မပြောင်းလဲပါဘူး။"လို့ ပြောခဲ့ပါတယ်။


ခြေစွမ်းမပြနိုင်သေးတဲ့ လူငယ်လေး ဗစ်တာရိုကွီနဲ့ပတ်သက်ပြီး ဇာဗီက "သူ့မှာ ဘရာဇီးကနေ ယူဆောင်လာတဲ့ အရည်အသွေးတွေ ရှိနေပါတယ်။ သူက ကျွန်တော်တို့အတွက် တစ်ခုခုပေးစွမ်းနိုင်ပါတယ်။ သူ ကာဒီဇ်နဲ့ပွဲမှာ ပါဝင်ကစားခွင့်ရမယ်ဆိုတာ သေချာပါတယ်။ ဒီလိုအခွင့်အရေးတွေကို သေချာဆုပ်ကိုင်ပြီး ပွဲရဲ့အခြေအနေတွေကို သဘောပေါက်ပြီး မတိုးတက်လာသေးတဲ့အရာတွေကို တိုးတက်အောင်လုပ်နိုင်ဖို့ လိုပါတယ်။"လို့ ပြောသွားခဲ့ပါတယ်။


#လာလီဂါ #ဘာစီလိုနာ #ဇာဗီ