ရှေ့သို့
Image

ပြင်းထန်တဲ့ ယာဉ်မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဟယ်ရီကိန်းရဲ့ ကလေးများ

12:30 PM, 12 April

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ကစားဖို့ လန်ဒန်သို့ ခရီးထွက်ခွာနေချိန်မှာ သူ့ရဲ့ကလေး ၃ ယောက်ဟာ ပြင်းထန်တဲ့ ယာဉ်မတော်တဆမှုတစ်ခုမှာ ပါဝင်ခဲ့ကြပြီး ဒဏ်ရာ ရရှိခဲ့ကြတာကြောင့် ဆေးရုံသို့ ပို့ဆောင်ခံခဲ့ရတယ်လို့သိရပါတယ်။ ဘိုင်ယန်မြူးနစ်က အာဆင်နယ်နဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်ကို ကစားနေချိန်မှာ ကိန်းရဲ့ ကလေးတွေက မြူးနစ်မြို့အတွင်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့ ကလေးတွေဖြစ်တဲ့ လူးဝစ်၊ ဗီဗီယန်နီနဲ့ အိုင်ဗီတို့ဟာ မတော်တဆမှုဖြစ်ပွားပြီးနောက်မှာ သူနာပြုဆရာမတစ်ဦးနဲ့အတူ ဆေးကုသမှုခံယူခဲ့ကြပါတယ်။ ထို့နောက်မှာတော့ ဒဏ်ရာအနည်းငယ်ရရှိခဲ့တာကြောင့် အရေးပေါ်လူနာတင်ယာဉ်နဲ့ ဆေးရုံသို့ပို့ဆောင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ယာဉ်မတော်တဆမှုရဲ့အသေးစိတ်မှာ ကိန်းတို့မိသားစု စီးနှင်းနေတဲ့ ကားက မြူးနစ်မြို့အတွင်း အခြားကားတစ်စီးနဲ့တိုက်မိခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာတော့ ရဲတပ်ဖွဲ့က လမ်းကို ၂ နာရီခန့် ပိတ်ထားခဲ့ပြီး ယာဉ်မောင်းနဲ့ ခရီးသည်တွေအားလုံးကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

အာဆင်နယ်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ ကိန်းဟာ ပင်နယ်တီမှတစ်ဆင့် ဘိုင်ယန်မြူးနစ်အတွက် အရေးပါတဲ့သွင်းဂိုး ၁ ဂိုးသွင်းယူပေးခဲ့ပြီး အသင်းကို ကူညီနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ ကိန်းဟာ အခုလိုအခြေအနေကြောင့် မိသားစုနဲ့အတူရှိနေဖို့ မြူးနစ်ကို အပြေးအလွှားပြန်သွားဖွယ်ရှိနေပြီး မိသားစုနဲ့အတူ ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်ထားရမှာဖြစ်ပါတယ်။

လာမယ့်စနေနေ့မှာတော့ ဘိုင်ယန်မြူးနစ်ဟာ ကိုလုံးနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#ဟယ်ရီကိန်း #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ်