ရှေ့သို့
Image

လာလီဂါပွဲစဉ် (၃၁) ဘက်တစ်-ဆယ်လ်တာဗီဂို ပွဲကြိုခန့်မှန်းချက် (နံနက် ၁:၃၀)

11:30 AM, 12 April

ဘက်တစ်-ဆယ်လ်တာဗီဂို ဒဏ်ရာရပွဲပယ်
-------------
ဘက်တစ် - ချီမီအေဗီလာ(ပွဲပယ်ပြစ်ဒဏ်)၊ ဘာကမ်ဘူ၊ ဘာထရာ(သေချာပေါက်လွဲ)
ဆယ်လ်တာဗီဂို - အိုင်ဒူး၊ ကားလို့စ်ဒိုတာ၊ ရီစတစ်၊ ဆွီဘတ်(သေချာပေါက်လွဲ)

အခုပွဲစဉ်က နှစ်သင်းလုံးအတွက် အရေးပါတဲ့ပွဲစဉ်တစ်ခုဖြစ်နေပါတယ်။ လတ်တလောမှာ ဘက်တစ်က ပုံစံကောင်းပျောက်ဆုံးနေပြီး နောက်ဆုံးလေးပွဲဆက်အရေးနိမ့်ကာ ဥရောပပြိုင်ပွဲဝင်ခွင့်အတွက်တောင် မရေမရာဖြစ်နေပါတယ်။

တဖက်မှာလည်း ဆယ်လ်တာက ကာဒီဇ်ရဲ့ဖိအားပေးမှုနဲ့အတူ တန်းဆင်းဇုန်နဲ့ သုံးမှတ်သာ ကွာဟတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ဆယ်လ်တာက ရလဒ်ကောင်းတွေ ရှာဖွေထားနိုင်ပြီး နောက်ဆုံးကစားထားတဲ့အဝေးကွင်းပွဲစဉ်မှာဆိုရင် ဆီဗီလာကိုပါ အနိုင်ယူခဲ့ပါတယ်။ နှစ်သင်းလုံးအတွက် နားရက်တွေရရှိထားလို့ အခုပွဲစဉ်ကို ခွန်အားအပြည့် ယှဉ်ပြိုင်ကစားနိုင်ပါလိမ့်မယ်။ အခုလိုအခြေအနေမျိုးမှာ ဘက်တစ်ကတောင် အပေါ်ကြေးနဲ့ ခပ်ပြင်းပြင်းဖွင့်လှစ်ပေးထားလို့ အိမ်ရှင်တွေနဲ့အတူ စွန့်စားကြည့်ချင်တယ်။


ဘက်တစ် - ဆယ်လ်တာဗီဂို ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
------------------------------------------------------------
ဆယ်လ်တာဗီဂို ၂ - ၁ ဘက်တစ် (၄-ဇန်နဝါရီ-၂၀၂၄)
ဘက်တစ် ၃ - ၄ ဆယ်လ်တာဗီဂို (၅-ဖေဖော်ဝါရီ-၂၀၂၃)
ဆယ်လ်တာဗီဂို ၁ - ၀ ဘက်တစ် (၂-အောက်တိုဘာ-၂၀၂၂)
ဆယ်လ်တာဗီဂို ၀ - ၀ ဘက်တစ် (၂၀-မတ်-၂၀၂၂)
ဘက်တစ် ၀ - ၂ ဆယ်လ်တာဗီဂို (၃-ဇန်နဝါရီ-၂၀၂၂)
.
ဘက်တစ် နောက်ဆုံး (၅) ပွဲရလဒ်
---------------------------
ဂျီရိုနာ ၃ - ၂ ဘက်တစ် (၃၁-မတ်-၂၀၂၄)
ဗယ်လီကာနို ၂ - ၀ ဘက်တစ် (၁၈-မတ်-၂၀၂၄)
ဘက်တစ် ၂ - ၃ ဗီလာရီးရဲလ် (၁၁-မတ်-၂၀၂၄)
အက်သလက်တီကို ၂ - ၁ ဘက်တစ် (၃-မတ်-၂၀၂၄)
ဘက်တစ် ၃ - ၁ ဘီလ်ဘာအို (၂၅-ဖေဖော်ဝါရီ-၂၀၂၄)
.
ဆယ်လ်တာဗီဂို နောက်ဆုံး (၅) ပွဲရလဒ်
------------------------------------
ဆယ်လ်တာဗီဂို ၀ - ၀ ဗယ်လီကာနို (၃၁-မတ်-၂၀၂၄)
ဆီဗီလာ ၁ - ၂ ဆယ်လ်တာဗီဂို (၁၇-မတ်-၂၀၂၄)
ရီးရဲလ်မက်ဒရစ် ၄ - ၀ ဆယ်လ်တာဗီဂို (၁၁-မတ်-၂၀၂၄)
ဆယ်လ်တာဗီဂို ၁ - ၀ အယ်လ်မီရီယာ (၂-မတ်-၂၀၂၄)
ကာဒီဇ် ၂ - ၂ ဆယ်လ်တာဗီဂို (၂၅-ဖေဖော်ဝါရီ-၂၀၂၄)

#လာလီဂါ #ပွဲကြိုသုံးသပ်ချက် #ဘက်တစ် #ဆဲလ်တာဗီဂို