ရှေ့သို့
Image

တန်ဟက် ထုတ်ပယ်ခံရပြီး ချဲလ်ဆီးနည်းပြဟောင်း ပေါ်တာနဲ့ အစားထိုးခံရမယ်လို့ ယူဆနေကြတဲ့ ယူနိုက်တက်စတားများ

10:15 AM, 12 April

ဒီနွေရာသီမှာ တန်ဟက်က ထုတ်ပယ်ခြင်းခံရမယ်လို့ ယူနိုက်တက်ကစားသမားတွေက ယုံကြည်နေပြီး နယ်သာလန်သားဟာ သူ့ရဲ့ကံကြမ္မာအတွက် အဆုံးအဖြတ်ပေးပြီးသွားပြီဖြစ်ပါတယ်။

တန်ဟက်ဟာ ယူနိုက်တက်ကို ၂၀၂၂ ခုနှစ်နွေရာသီမှာ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ကာရာဘောင်ဖလားရယူပေးခဲ့ကာ ၆ နှစ်တာ ဆုဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့လက်ထက်မှာ အသင်းဟာ ခြေစွမ်းတည်ငြိမ်ဖို့ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်ဘုတ်အဖွဲ့ဟာ တန်ဟက်ရဲ့အနာဂတ်အတွက် ကောလာဟလထွက်မှုအတွက် အနည်းငယ်မျှသာ လုပ်ဆောင်ထားပြီး ရှယ်ယာရှင်အသစ်ဖြစ်တဲ့ ဆာဂျင်ရက်ဖ်ကလစ်က "သူ့ရဲ့အလုပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးတယ်ဆိုတာ မသင့်လျော်တဲ့အတွက် ကျွန်တော်ပြောဆိုသွားမှာ မဟုတ်ပါဘူး" "အသင်းမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ သင့်တော်မှန်ကန်တဲ့အရာကို သေချာအောင် လုပ်ရမှာဖြစ်ပါတယ်" "ဒါတွေကို ကျွန်တော်တို့က ကောင်းကောင်းကြီးလုပ်ရမှာပါ။ လက်ရှိမှာတော့ နည်းပြရာထူးအတွက် အာရုံစိုက်လုပ်ထားတာတွေမရှိပါဘူး၊ အကဲဖြတ်ဖို့ကလည်း ကျွန်တော့်အလုပ်မဟုတ်ပါဘူး"
"ကျွန်တော်တို့က မတူညီတဲ့ဆုံးဖြတ်ချက်အချို့ကို တိတ်တဆိတ်ချမှတ်ထားပါတယ်။ မျှတတဲ့ ဆုံးဖြတ်ချက်ဖြစ်ဖို့အတွက် အချက်အလက်တွေကိုအပေါ်မှာ လုပ်သွားမှာပါ" "ကျွန်တော်တို့က ကြမ်းတမ်းတဲ့ အဖွဲ့အစည်းတစ်ခုမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ထင်ပေါ်ကျော်ကြားတာမဟုတ်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ကျွန်တော်တို့ ချမှတ်ရပါတယ်" လို့ ပြောပါတယ်။

လာမယ့်ရာသီမှာ နည်းပြသစ်ရောက်လာမယ်လို့ ယူနိုက်တက်ပထမအသင်းမှာ ထင်နေကြသူတွေရှိနေသော်လည်း သူ့ရဲ့အနာဂတ်နှင့်ပတ်သက်ပြီး သံသယမရှိဘဲ ပရီးမီးယားလိဂ်ရဲ့ လမ်းကြောင်းမှန်ပေါ်မှာသာ သွားနေကြောင်း မကြာသေးမီက တန်ဟက်က ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာတွင်ရှိနေပြီး ထိပ်ဆုံး ၄ သင်းနှင့် ၁၁ မှတ်ကွာဟနေကာ အက်ဖ်အေဖလားမှာ ချန်ပီယံဖြစ်ဖို့ မျှော်လင့်လို့ရနေတာဖြစ်ပါတယ်။ လက်ရှိမှာ ဘာပဲဖြစ်နေဖြစ်နေ လာမယ့်ရာသီမှာ ချဲလ်ဆီးနဲ့ ဘရိုက်တန်နည်းပြဟောင်း ပေါ်တာက အိုးထရက်ဖို့ဒ်သို့ ရောက်လာမယ်လို့ ထင်ကြေးပေး ပြောဆိုနေကြတာတွေရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #လာပေါ်တာ #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်