ရှေ့သို့
Image

ဂါဘရီရယ်ကို တံတောင်နဲ့တိုက်ခဲ့တဲ့ အတွက် အဝါကတ်ပြသခံခဲ့ရတာကို အံ့အားသင့်နေတဲ့ ကိန်း

11:28 AM, 11 April

အာဆင်နယ်နဲ့ ဘိုင်ယန်တို့ရဲ့ ချန်ပီယံလိဂ်ပထမအကျော့က ၂-၂ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ အဆိုပါပွဲမှာ ဘိုင်ယန်တိုက်စစ်မှူး ဟယ်ရီကိန်းတစ်ယောက် ဂါဘရီရယ်ကို တံတောင်နဲ့တိုက်ခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ဂါဘရီရယ် နဲ့ ရာယာတို့ဖြစ်ရပ်မှာလည်း ကွင်းလယ်ဒိုင်က ပင်နယ်တီမပေးပဲ လျစ်လျူရှုခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်က အဆိုပါဆုံးဖြတ်ချက် ၂ ခုစလုံးက ထူးဆန်းတယ်လို့ ခံစားနေရပါတယ်။ ကိန်းဟာ ပထမပိုင်းမှာ ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို ပင်နယ်တီက သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဒိုင်ဟောင်း ဟက်ကက်ချ်ကတော့ ကိန်းတစ်ယောက် အနီကတ်မထိခဲ့တာ ကံကောင်းတယ်လို့ ပြောကြားလိုက်ပါတယ်။

ပွဲအပြီးမှာ ကိန်းက “အဲ့တာက ထူးဆန်းပါတယ်။ ကျွန်တော်သေချာတော့မသိပါဘူး။ အဲ့တာက ၅၀-၅၀ အနေအထားပါ။ ပြစ်ဒဏ်တစ်ခုအတွက် ကျွန်တော့်ကို အဝါကတ်ပြသခဲ့ပါတယ်။ ပင်နယ်တီအနေအထားကလည်း ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်က ဘာကြောင့်မပေးခဲ့လဲဆိုတာ မသိပါဘူး။ အဲ့တာက ထူးဆန်းပါတယ်။ ဒါပေမယ့် သူကပွဲကိုဆက်ကန်ခိုင်းခဲ့ပါတယ်။ စည်းမျည်းတွေက စည်းမျည်းတွေပါပဲ။ အဲ့ပင်နယ်တီက ပေးရမယ့်ပင်နယ်တီပါ။ အခုတော့ ၂-၂ ဖြစ်ခဲ့ပြီး လာမယ့်အပတ်အတွက် အတူတူပါပဲ”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နဲ့ ဘိုင်ယန်ဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ဒုတိယအကျော့အဖြစ် ဘိုင်ယန်ကွင်းမှာ ကန်ရမှာဖြစ်ပါတယ်။

#အာဆင်နယ် #ဟယ်ရီကိန်း #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ် #ဂါဘရီရယ်