ရှေ့သို့
Image

အာဆင်နယ်နဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်က ဒုတိယမြောက်ပင်နယ်တီ ရခဲ့သင့်ကြောင်း ပြောလာတဲ့ တူချယ်

1:48 PM, 10 April

ဘိုင်ယန်မြူးနစ်နည်းပြ သောမက်စ်တူချယ်က မနေ့ည အာဆင်နယ်နဲ့ပွဲစဉ်အတွင်း မာဂယ်ဟေးစ်ရဲ့လက်ထိဘောအပေါ် ပင်နယ်တီမပေးခဲ့ခြင်းနဲ့ပတ်သက်လို့ ကွင်းလယ်ဒိုင်ကို ဝေဖန်သွားခဲ့ပါတယ်။

ပွဲချိန်၆၆မိနစ်မှာ အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာက မာဂယ်ဟေးစ်ကို ဂိုးလွန်ဘောပေးပို့ချိန်မှာ ဘရာဇီးသားက ဘောလုံးကို လက်နဲ့ကောက်ကိုင်လိုက်တာဖြစ်ပြီး ကွင်းလယ်ဒိုင် ဂလန်နီဘက်ချ်က အဆိုပါဖြစ်ရပ်က လျစ်လျူရှုခဲ့သလို တီဗီကလည်း အဆိုပါဖြစ်ရပ်ကို ပြသခဲ့ခြင်းမရှိပါဘူး။

တူချယ်က "ကျွန်တော်ကတော့ ကွင်းလယ်ဒိုင်က ဒီဖြစ်ရပ်ကို လက်ထိဘောမပေးဘဲ ကြီးမားတဲ့အမှားကျူးလွန်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါက ရူးသွပ်စရာအခြေအနေဖြစ်ပေမယ့် သူတို့ ဘောလုံးကိုချလိုက်ချိန် ကွင်းလယ်ဒိုင်က ခရာမှုတ်ခဲ့ပြီး ရာယာက ဘောလုံးပေးလိုက်ချိန်မှာ မာဂယ်ဟေးစ်က ဘောလုံးကိုလက်နဲ့ကောက်ကိုင်လိုက်တာပါ။
ကျွန်တော့်ကို ပေါက်ကွဲစေတာကတော့ ကွင်းအတွင်း ဒိုင်ရဲ့ရှင်းပြမှုပါ။ အဲ့ဒါက ကလေးအမှားလေးတစ်ခုဖြစ်ပြီး ကွာတားဖိုင်နယ်လိုပွဲမျိုးမှာ ဒီလိုဖြစ်ရပ်အပေါ် ပင်နယ်တီပေးနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါက တော်တော်ဆိုးရွားတဲ့ ဖြေရှင်းချက်ပါပဲ။ သူက လက်ထိဘောကို ပြစ်ဒဏ်ချမှတ်နေတာပါ။ ကလေးအမှားလေးပဲဖြစ်ဖြစ် လူကြီးအမှားပဲဖြစ်ဖြစ် ပြစ်ဒဏ်ဘောပေးရမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီဆုံးဖြတ်ချက်ကြီးက ကျွန်တော်တို့နဲ့ဆန့်ကျင်ဘက်ဖြစ်ခဲ့တဲ့အတွက် ပေါက်ကွဲရပါတယ်"လို့ ပြောခဲ့ပါတယ်။

#အာဆင်နယ် #တူချယ် #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ်