ရှေ့သို့
Image

အယ်လ်ဟီလယ်နှင့်ပွဲက အပြုမူကြောင့် ပွဲပယ်ခြင်း၊ ဒဏ်ရိုက်ခံရခြင်းတို့နှင့် ရင်ဆိုင်နေရတဲ့ ခရစ္စတီယာနို ရော်နယ်ဒို

1:44 PM, 10 April

ခရစ္စတီယာနို ရော်နယ်ဒိုဟာ အယ်လ်ဟီလယ်နှင့်ပွဲက အပြုမူကြောင့် အနီကဒ်ပြသခြင်းခံခဲ့ရသလို ပွဲပယ်ခြင်း၊ ဒဏ်ရိုက်ခြင်းတို့ကို ခံရတော့မှာဖြစ်ပါတယ်။

ပေါ်တူဂီစူပါစတားဟာ ဆော်ဒီစူပါဖလား ဆီမီးဖိုင်နယ်တွင် အယ်လ်ဟီလယ်နှင့် ပွဲပြီးခါနီးတွင် ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။ အယ်ဘူလိုင်ဟီအား တံတောင်နှင့်ပေါက်ပြီးနောက် ဘော်လွန်းဒီအော်ဆု ၅ ကြိမ်ရရှိထားသူဟာ လက်ကျန် ၄ မိနစ်တွင် အနီကဒ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ရော်နယ်ဒိုက ပြိုင်ဘက်ကို တွန်းရာမှာ အလွန်အကျွံ အင်အားသုံးခဲ့တယ်လို့ ကွင်းလယ်ဒိုင်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အမြဲတက်ကြွနေတဲ့ အသက် ၃၉ နှစ် အရွယ် ရော်နယ်ဒိုဟာ ထိုဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ပြီး နောက်ဆုံးတွင် ဥမင်လိုဏ်ခေါင်းအောက်သို့ မဆင်းမီ ဒေါသတကြီး ငြင်းခုံခဲ့ပါတယ်။

Al-Riyadiyaရဲ့ အဆိုအရတော့ ရော်နယ်ဒိုဟာ ၂ ပွဲပယ်ပြစ်ဒဏ်ခံရတော့မှာ ဖြစ်ပြီး သူ့ရဲ့လုပ်ရပ်ကြောင့် ဒဏ်ငွေအဖြစ် ဒီရယ် ၂၀၀၀၀  ကိုလည်း ပေးဆောင်ရမှာဖြစ်ပါတယ်။ ပြိုင်ဘက်ပရိသတ်တွေရဲ့ မက်ဆီလို့ အော်ဟစ်ခဲ့မှုကို ရိုင်းပြစွာ တုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပြီး အဲ့ဒီအတွက် ချမှတ်ခြင်းခံထားရတဲ့ ပြစ်ဒဏ်ကနေ သူက မကြာသေးမီကမှ လွတ်မြောက်လာတာဖြစ်ပါတယ်။

အယ်လ်နာဆာဟာ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အယ်လ်ဟီလာကို ၂-၁ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ သူတို့ရဲ့ နောက်ထပ် ၂ ပွဲကတော့ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်ဖီဟာ၊ အယ်လ်ခါလီတို့နှင့် ကစားရမှာဖြစ်ပါတယ်။ အယ်လ်နာဟာဟာ အယ်လ်ခါလီနှင့် မေလ ၁ ရက်နေ့တွင် King Cup of Champions ရဲ့ ဆီမီးဖိုင်နယ်အဖြစ် ကစားရမှာဖြစ်ကာ ၂၀၂၄ ခုနှစ်အတွက် အဓိကဆုဖလားတွေ ရရှိနိုင်ရေး နီးကပ်လာချိန်မှာ ရော်နယ်ဒိုက ကစားပေးနိုင်မှာဖြစ်ပါတယ်။

#ရော်နယ်ဒို #အယ်လ်နာဆာ