ရှေ့သို့
Image

ဘယ်လင်ဟမ်က သူ့ကို အံ့အားသင့်စေခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်တဲ့ ရီးရဲလ်ခံစစ်မှူး ရူဒီဂါ

4:29 PM, 9 April

ရီးရဲလ်မက်ဒရစ် ဗဟိုနောက်ခံလူ ရူဒီဂါက အခုဘောလုံးရာသီမှာ ဘယ်လင်ဟမ်ဟာ သူ့ကို အံ့အားသင့်စေခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီ၊ ဒေါ့မွန်မှ ရီးရဲလ်မက်ဒရစ်ဆီ ရောက်ရှိလာတဲ့ ဘယ်လင်ဟမ်က ချက်ချင်းဆိုသလိုပဲ အသင်းရဲ့အဓိကကစားသမားဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

မန်စီးတီးနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် (ပထမအကျော့)ပွဲစဉ်မတိုင်ခင် ရူဒီဂါက “အို…ဘုရားသခင်၊ အရိုးသားဆုံးပြောရရင်တော့ ကျွန်တော်ကိုယ်တိုင်လည်း ဘယ်လင်ဟမ်အကြောင်း သိပ်မသိခဲ့လို့ အစောပိုင်းမှာ အတော်လေးအံ့အားသင့်ခဲ့ရပါတယ်။ အဝတ်လဲခန်းမှာလည်း မယုံကြည်နိုင်လောက်အောင် ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးမျိုး သူ့မှာ ရှိပါတယ်။ သူက အသက်-၂၀ နှစ်အရွယ်ပဲ ရှိသေးပေမယ့် ဘဝမှာ အရာရာတိုင်းကို တွေ့ကြုံခဲ့ရတယ်ဆိုတဲ့ ခံစားချက်မျိုးကို ပိုင်ဆိုင်ထားပါတယ်။ သူက အသက်အရွယ်နဲ့မလိုက် ရင့်ကျက်တည်ငြိမ်သူတစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်မအံ့သြမိတော့ပါဘူး။ ဘယ်လင်ဟမ်က ကြီးကျယ်ခမ်းနားတဲ့ ကစားသမားကောင်းတစ်ယောက်ပါ။ ဘယ်လင်ဟမ်က ခေါင်းဆောင်တစ်ဦးဖြစ်လာမယ်ဆိုတာ ကျွန်တော် အာမခံပါတယ်။ သူက အလွန်ရင့်ကျက်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူလုပ်သမျှ အရာရာတိုင်းအတွက် ပရိုဆန်ဆန် ပြုမူသလို အသင်းဖော်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အတွက် ဒဏ်ရာပြဿနာ ကင်းကင်းရှင်းရှင်း ရှိနေပါစေလို့ပဲ ကျွန်တော်တို့ဆုတောင်းပေးသွားရပါမယ်။ ကွင်းပြင်ပမှာ ဘယ်လင်ဟမ်ရဲ့ခြေလှမ်းတွေကို ပြုပြင်ထိန်းသိမ်းပေမယ့် အံ့ဖွယ်မိဘနှစ်ပါးကိုလည်း သူပိုင်ဆိုင်ထားပါတယ်”လို့ ပြောပါတယ်။
#မန်စီးတီး #ရူဒီဂါ #ရီးရဲလ်မက်ဒရစ် #ချန်ပီယံလိဂ် #ဘယ်လင်ဟမ်