ရှေ့သို့
Image

ချန်ပီယံလိဂ်ပွဲမတိုင်ခင် မန်စီးတီးစတားကို သတိပေးလိုက်တဲ့ ရူဒီဂါ

11:27 AM, 9 April

ရီးရဲလ်မက်ဒရစ်နောက်ခံလူ အန်တိုနီရူဒီဂါက ချန်ပီယံလိဂ်ပွဲမတိုင်ခင် မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို သတိပေးပြောကြားလိုက်ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့မှာ ရူဒီဂါတစ်ယောက် ဟာလန်းကို တားဆီးရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ဘာနေဗျူးမှာ ၁-၁ သရေကျတုန်းက ဟာလန်းကို တားဆီးနိုင်ခဲ့ပေမယ့် ဒုတိယအကျော့မှာတော့ စီးတီးက ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ဘာနေဗျူးမှာတုန်းက ဟာလန်းဟာ ဘောလုံးထိချက် ၂၁ ချက်သာရှိခဲ့ပြီး အခွင့်အရေးကောင်းတွေမရခဲ့တာဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာလည်း ဂျာမန်သားက ဟာလန်းကို ဆက်လက်ထိန်းချုပ်ကစားမယ်လို့ သတိပေးလာခဲ့ပြီး နော်ဝေသားကို ဆက်ထိန်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။

“ပြီးခဲ့တဲ့နှစ်အိမ်ကွင်းပွဲက ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဟာလန်းကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဘောလုံးကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့သလို ဟာလန်းကိုလည်း အခွင့်အရေးအများကြီးမပေးခဲ့ပါဘူး။ အခုတော့ ဒီပွဲကိုလည်း ပြီးခဲ့တဲ့နှစ်ကလို ထိန်းချုပ်ကစားနိုင်အောင် လုပ်ဆောင်သွားမှာပါ။ ပုဂ္ဂိုလ်ရေးအရ ကျွန်တော်တားဆီးသွားမှာပါ”လို့ ရူဒီဂါက ပြောကြားခဲ့ပါတယ်။

ရူဒီဂါဟာ ဟာလန်းကို ထိန်းချုပ်နိုင်ဖို့ ဘာမဆိုလုပ်ဆောင်မှာဖြစ်ပြီး ရီးရဲလ်အသင်း နောက်တစ်ဆင့်တက်အောက် ကြိုးစားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

“ကျွန်တော် ပုံတွေ ဗီဒီယိုတွေတွေ့ပါတယ်။ ဒီအရာတွေကို အစီအစဉ်မချထားပါဘူး။ အဲ့တာက ခံစားရတာပါ။ ခံစစ်ကစားသမားတစ်ဦးအနေနဲ့ ထိပ်တန်းကစားသမား တစ်ဦးနဲ့ ရင်ဆိုင်ရတာ အရမ်းကောင်းပါတယ်။ အဲ့လိုအခိုက်အတန့်က ဖြစ်တတ်ပါတယ်။ ဘာမှမထူးခြားပါဘူး။ သူက သန်မာတဲ့ကစားသမားတွေထဲက တစ်ယောက်ပါ။ သူ့ကိုထိန်းချုပ်ဆိုတာ မလွယ်ကူပါဘူး။ အသင်းဖော်တွေဆီကနေ သူ့ဆီကိုဘောလုံးပေးပို့မှုဖြတ်တောက်ဖို့ လိုအပ်ပါတယ်။ သူတို့ကိုလည်း တတ်နိုင်သမျှ ထိန်းချုပ်သွားဖို့ လိုအပ်ပါတယ်”လို့ ဂျာမန်သားနောက်ခံလူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်စီးတီး #ရူဒီဂါ #ရီးရဲလ်မက်ဒရစ် #ချန်ပီယံလိဂ်