ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်က မန်စီးတီးကို သတ္တိရှိရှိကျော်ဖြတ်ရမယ်ဆိုပြီး ပြောလာတဲ့ အန်ဆယ်လော့တီ

9:38 AM, 9 April

ရီးရဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီက ယနေ့ည မန်စီးတီးနဲ့ပွဲစဉ်မှာ ကစားသမားတွေအနေနဲ့ သတ္တိရှိရှိရင်ဆိုင်ဖို့လိုကြောင်း ပြောလာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ယနေ့ညမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီ ဆီမီးဖိုင်နယ်တုန်းကလည်း ဒီနှစ်သင်းရင်ဆိုင်ခဲ့ဖူးပြီး အဆိုပါပွဲစဉ်တွေနဲ့ နှိုင်းယှဉ်ကာ အန်ဆယ်လော့တီက သူ့ရဲ့အမြင်ကို ပြောကြားခဲ့ပါတယ်။

အန်ဆယ်လော့တီက "ကျွန်တော်တို့ မနှစ်တုန်းက ပွဲတစ်ခုရဲ့အခြေံခံဖြစ်တဲ့ အရည်အချင်းပြည့်ပြည့်၀၀၊ သတ္တိရှိရှိနဲ့ မကစားနိုင်ခဲ့ပါဘူး။ ဒုတိယအကျော့ပွဲစဉ်မှာ ကျွန်တော်တို့ အဲ့ဒီအရာကိုလိုအပ်ခဲ့ပါတယ်။ ပွဲအတွင်းက အခြေအနေအချို့မှာ ဘောလုံးနဲ့ဆိုင်တဲ့ လစ်ဟာမှုတွေလည်းရှိခဲ့ပါတယ်။

အဲ့ဒါက စိတ်ဓာတ်ပိုင်းတစ်ခုတည်းတင်မဟုတ်ဘဲ နည်းစနစ်ပိုင်းအရလည်း အားနည်းခဲ့ပါတယ်။ မန်စီးတီးက ကျွန်တော်တို့အပေါ် ဖိအားအများကြီးပေးခဲ့ပြီး အဲ့ဒီအပေါ်မှာ ကျွန်တော်တို့ အဖြေမရှာနိုင်ခဲ့ပါဘူး။ အခုပွဲစဉ်မှာတော့ ကျွန်တော်တို့ အဲ့ဒီအရာတွေကို ရှောင်လွှဲချင်ပါတယ်။

ဒီပွဲအပေါ်မှာ ကျွန်တော် အလွန်စိတ်လှုပ်ရှားနေပါတယ်။ ကိုယ်ပိုင်အမြင်အရ ပွဲမတိုင်ခင်မှာ ကျွန်တော်တို့ လေ့လာဖို့လိုပါတယ်။ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ ခံစားရမှာဖြစ်ပြီး နိုင်ပွဲရရင်တော့ ပျော်ရွှင်စရာပါ။ ဒါပေမယ့် အဲ့ဒီလိုမဖြစ်သင့်ပါဘူး။ နိုင်ပွဲရရင်တော့ စိတ်သက်သာရာရတာပေါ့။

ဆုဖလားတွေရရင် ပျော်စရာကြီးဖြစ်ပေမယ့် တစ်ပွဲချင်းအနိုင်ရမှုက စိတ်သက်သာရာရစေပါတယ်။ နိုင်ပွဲရရင် ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ နေရမှာဖြစ်ပေမယ့် ရှုံးနိမ့်မှုကလည်း ဒီအလုပ်မှာ တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ အဲ့ဒီခံစားချက်တွေကပဲ ကျွန်တော်တို့ကို အသက်ဆက်စေတာဖြစ်သလို အသက်ရှင်ဖို့ လောင်စာတစ်ခုလိုဖြစ်နေတာပါ။"လို့ ပြောသွားခဲ့ပါတယ်။

#မန်စီးတီး #ရီးရဲလ်မက်ဒရစ် #ချန်ပီယံလိဂ် #အန်ဆယ်လော့တီ