ရှေ့သို့
Image

ဘရိုက်တန်နဲ့ ပွဲမှာ ရုန်းကန်ခဲ့ရတယ်လို့ အာဆင်နယ်စတား ဆာကာ အတည်ပြု

9:04 AM, 8 April

အာဆင်နယ်စတား ဆာကာတစ်ယောက် စနေနေ့တုန်းက ဘရိုက်တန်နဲ့ပွဲမှာ ရုန်းကန်ခဲ့ရတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ လီဗာပူးအသင်း ယူနိုက်တက်မကန်ခင် ဘရိုက်တန်ကို ၃ ဂိုးပြတ် အနိုင်ယူပြီး အဆင့် ၁ နေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လတုန်းက ဒဏ်ရာအခြေအနေကြောင့် ဆာကာဟာ အင်္ဂလန်အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ပြီး လူတန်တောင်းနဲ့ပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်သားဟာ ဘရိုက်တန်နဲ့ပွဲမှာ ပင်နယ်တီကနေ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ အဲ့နောက် အာဆင်နယ်အတွက်အနိုင် သေချာစေမယ့် ဂိုးတွေကို ကိုင်ဟားဗက်ဇ် ၊ ထရိုဆက်တို့က ဒုတိယပိုင်းမှာ သွင်းယူပေးခဲ့ပါတယ်။ အခုချိန်မှာ အာဆင်နယ်အနေနဲ့ ဘိုင်ယန်နဲ့ကန်မယ့် ချန်ပီယံလိဂ်ပွဲကို အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။

“ကျွန်တော် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်ခြေ ၂ ချောင်းရှိနေသမျှ အရာအားလုံးပေးဆပ်ကစားမှာပါ။ ကျွန်တော်ကွင်းထဲမှာ ဆက်ရှိနေချင်ပါတယ်။ အတွင်းထဲမှာ ကျွန်တော်တို့အားလုံး ဆူညံနေပါတယ်။ ကျွန်တော်တို့အနိုင်ကန်ပြီး အဆင့် ၁ နေရာကို တက်လှမ်းနိုင်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ၃ ရက်အပြီးနောက် ဒီကိုလာရတာဖြစ်ပြီး အသင်းသားတွေရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ကျွန်တော်တကယ်ပျော်ပါတယ်။ ကျွန်တော်တို့ အရှိန်အဟုန်ကောင်းကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကအကြောင်း ကျွန်တော် မတွေးဖြစ်ပါဘူး။ ဒါပေမယ့် အဲ့သင်ခန်းစာကနေ အများကြီး သင်ယူခဲ့ရပါတယ်။ ဒီလိုပွဲမျိုး ကျွန်တာ်တို့နောက်ပွဲတွေမှာလည်း ဆက်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့နောက်ကျဂိုးတွေ ပေးခဲ့ရပြီး ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့ ပိုသက်တောင့်သက်သာရှိခဲ့ပြီး ပိုကောင်းလာတယ်လို့ ထင်ပါတယ်။ တစ်ပွဲချင်းစီကို ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီလို့ ခံစားရပါတယ်”လို့ ဆာကာက ပြောကြားခဲ့ပါတယ်။

#ဆာကာ #အာဆင်နယ် #ဘရိုက်တန် #ပရီးမီးယားလိဂ်