ရှေ့သို့
Image

ဖူလ်ဟမ်နဲ့ ပွဲမတိုင်ခင် လုယက်သူတွေရဲ့အကြမ်းဖက်ခံရခဲ့တဲ့ နယူးကာဆယ်စတား အီဆက်

8:47 AM, 8 April

စနေနေ့တုန်းက ဖူလ်ဟမ်နဲ့ ပွဲမတိုင်ခင် နယူးကာဆယ်စတား အီဆက်တစ်ယောက် လုယက်သူတွေရဲ့ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်။

ကြာသပတေးနေ့ ညတုန်းက အီဆက်တစ်ယောက် နော့တ်သန်ဘာလန်းရဲ့နေအိမ်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါအခြေအနေကို အခုညနေခင်း အစောပိုင်းတုန်းက ထုတ်ပြန်ခဲ့တာဖြစ်ပြီး လုယက်သူတွေက နောက်တံခါးကနေ ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်သားဟာ အဲ့အချိန်တုန်းက မိသားစုနဲ့အတူနေအိမ်မှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။ အဲ့နောက် လုယက်သူတွေရဲ့ကားဟာ ၃ မိုင်အကွာမှာ ပစ်ထားခဲ့တာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဖမ်းဆီးရရှိခြင်းတော့ မရှိသေးပေမယ့် သတင်းတွေအရ အဆိုပါလုယက်သူတွေဟာ ပရီးမီးယားလိဂ်ဘောလုံးသမားအိမ်တွေကို ဝင်ရောက်လေ့ရှိတယ်လို့ သိရပါတယ်။

အီဆက်က နယူးကာဆယ်အသင်းမှာ ဂျိုလင်တန်ပြီးနောက် အခုလိုမျိုးဖြစ်ရပ်ဖြစ်ခဲ့တဲ့ ဒုတိယမြောက်နယူးကာဆယ် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဘရာဇီးသားဟာ ဇန်နဝါရီတုန်းက မန်စီးတီးအသင်းနဲ့ သွားကန်နေစဉ်မှာ အိမ်ဖောက်ထွင်းခံခဲ့ရတာ ဖြစ်ပါတယ်။

လုယက်သူတွေဟာ အင်္ဂလိပ်ကစားသမားတွေဖြစ်တဲ့ ချိန်ဘာလိန် ၊ စတာလင် ၊ ဂရီးလစ်ချ်တို့ကို အဓိကပစ်မှတ်ထားလေ့ရှိတာဖြစ်ပါတယ်။ ကွင်းတွင်းမှာတော့ အီဆက်ဟာ နယူးကာဆယ်အသင်းရဲ့အဓိက ကစားသမားတစ်ဦးအဖြစ်ရှိနေပြီး လာမယ့်ရာသီဥရောပဝင်ခွင့်ရဖို့ အသင်းကိုအကျိုးပြုနေတာဖြစ်ပါတယ်။

အီဆက်ဟာ လာမယ့်ဧပြီလ ၁၃ ရက်နေ့မှာကန်မယ့် တော့တင်ဟမ်နဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။
#နယူးကာဆယ် #အီဆက် #ဖူလ်ဟမ် #ပရီးမီးယားလိဂ်