ရှေ့သို့
Image

ယူနိုက်တက်အား အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း မေဆန်မောင့်ကို ငကြောက်လို့ ပြောခဲ့တဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်

7:40 PM, 7 April

ကိုးပါလ်မာရဲ့ နောက်ကျ သွင်းဂိုး ၂ ဂိုးကြောင့် စတန်းဖို့ဒ်ဘရစ်ချ်တွင် အနိုင်ရရှိခဲ့ပြီး ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ် ၁၂ မြောက် ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

မေဆန်မောင့်ဟာ အသင်းဟောင်းစတန်းဖို့ဒ်ဘရစ်ချ်ဖို့ ပြန်လာမှုတွင် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်သို့ ပေါင် ၅၅ သန်း ဖြင့် ပြောင်းရွှေ့ပြီးနောက် အသင်းဟောင်းနှင့် ပထမဆုံးရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ကွင်းလယ်ကစားသမားဟာ ချဲလ်ဆီးပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကိုခံခဲ့ရပြီး ၈၆ မိနစ်မှာ လူစားဝင်ရောက်ခဲ့ကာ ပရိသတ်တစ်ဦးက မောင့်ရဲ့ ကျောနံပါတ်ဟောင်းဖြစ်တဲ့ နံပါတ် ၁၉ ရဲ့နောက်တွင် "Judas" လို့ ရေးသားကာ  လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

၃-၂ ဂိုးဖြင့် ယူနိုက်တက်အနိုင်ရရှိနေတဲ့အချိန် ဂါနာချိုရဲ့ နေရာကို ဝင်ရောက်ကစားရာမှာတော့ မောင့်ဟာ ခက်ခက်ခဲခဲကစားခဲ့ရတာဖြစ်ပြီး ချဲလ်ဆီးဟာ နောက်ကျသွင်းဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ကွင်းလယ်ကစားသမားဟာ ချဲလ်ဆီးအသင်းဖော်ဟောင်းဖြစ်ခဲ့တဲ့ အန်ဇိုရဲ့ လှောင်ပြောင်စော်ကားခြင်းကိုပါ ခံခဲ့ရပါတယ်။ESPN အာဂျင်တီးနားရဲ့ ဖော်ပြချက်အရ အန်ဇိုက မောင့်ကို "ဒါဟာ ချဲလ်ဆီးကွ" လို့ ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားကွင်းလယ်ကစားသမားဟာ မောင့်ကို အဆက်မပြတ်ပြောကြားနေတာဖြစ်ပြီး စပိန်ကနေ အင်္ဂလိပ်သို့ ဘာသာပြန်ဆိုရာတွင် ငကြောက် လို့ အဓိပ္ပါယ်ရတာဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ ယူနိုက်တက်အား အနိုင်ရရှိခဲ့တဲ့ပွဲအပြီးနောက် အန်ဇိုက "တကယ်ကို ကောင်းတဲ့ပွဲတစ်ပွဲပါ။ ဒီလိုအဆုံသတ်မှာ အနိုင်ရရှိတာက အရမ်းကောင်းပါတယ်။ ဒါက ပရီးမီးယားလိဂ်ဆိုတာပါပဲ"

"ဒီမှာကစားရတာကို ပျော်ရွင်မိပါတယ်။ ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ အသင်းက အနိုင်ရရှိဖို့အတွက် ထိုက်တန်ပါတယ်၊ အဆုံးသတ်မှာ အနိုင်ရရှိခဲ့တဲ့အတွက် တကယ်ကို မယုံကြည်နိုင်စရာပါပဲ"

"ကျွန်တော်ရဲ့ ရာသီက ခြေစွမ်းက ပုံမှန်မဟုတ်သော်လည်း နိုင်ပွဲအတွက် ကျွန်တော်တို့က ထိုက်တန်ပါတယ် ပွဲစဉ်တစ်လျှောက်မှာလဲ ကျွန်တော်တို့က ပိုကောင်းခဲ့ပါတယ်"

"ပုဂ္ဂိုလ်ရေးအရ ကျွန်တော် အဆင်ပြေပါတယ်။ နိုင်ငံသစ်၊ ဘာသာစကားသစ်ဖြစ်တဲ့အတွက် ပထမဆုံး ၆ လမှာ အဆင်မပြေမှုတွေရှိခဲ့ပြီး ကလေးတွေပါ အတူတူပါလာခဲ့တဲ့အတွက် လွယ်ကူမှုတော့ မရှိခဲ့ပါဘူး" လို့ ပြောပါတယ်။

ပထမဆုံးတော့ ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ အခုတော့ အသားကျလာပြီး ပိုပြီးတော့ အဆင်ပြေ အသားကျလာပါပြီ။ ကျွန်တော့်သားကလည်း ကောင်းကောင်းကြီးပြင်းလာပြီး သမီးလေးကလည်း ပန်းခြံထဲမှာ ဆော့ကစားနေပါပြီ"

"ဘာသာစကားကတော့ အနည်းငယ် အခက်အခဲရှိပြီး တစ်ခါတစ်လေမှာ နေ့စဉ်ဘဝတွေက ခက်ခဲနေတာကြောင့် သူမက ငိုပါတယ်။ ဒါပေမဲ့ ကောင်းကောင်းအသားကျလာတာကြောင့် ပျော်ရွင်ရပါတယ်"

"ပုဂ္ဂိုလ်ရေးအရ ကျွန်တော် ပျော်ရွင်ပေမယ့် လက်ရှိအသင်းရဲ့ရပ်တည်နေတဲ့ နေရာအပေါ် သဘောတော့ မကျပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အနိုင်ယူရတာကို သဘောကျပြီး ရှုံးရတာကို မကြိုက်လို့ပါ"

"သို့သော်လည်း ဒီလိုဖြစ်တာက ပုံမှန်ပါပဲ။ ဖြစ်နေတာကို ကျွန်တော်တို့က လက်ခံရမှာပါ။ ကျွန်တော်အားလုံးက ငယ်ရွယ်ပြီး ကစားသမားသစ်တွေဖြစ်ကြပါတယ်။ လာမယ့်ရာသီမှာ ပိုမိုကောင်းလာဖို့ ကျွန်တော်တို့ မျှော်လင့်ကြရမှာပါ" လို့ ပြောပါတယ်။


#မန်ချက်စတာယူနိုက်တက် #ဖာနန်ဒက်စ် #ပရီးမီးယားလိဂ်