ရှေ့သို့
Image

အသင်းဖော်ဟောင်း ဆွန်ဟောင်မင်ထံ အထူးသတင်းစကားပါးလိုက်တဲ့ ဘိုင်ယန်မြူးနစ်စတား ဟယ်ရီကိန်း

7:37 PM, 7 April

ရက်သတ္တပတ်တိုင်းမျာ ဟယ်ရီကိန်းဟာ ဆွန်ဟောင်မင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတာဖြစ်ပြီး တောင်ကိုရီးယားသားရဲ့ တော့တင်ဟမ်နှင့်အတူ မှတ်တိုင်တစ်ခုစိုက်ထူနိုင်မှုအတွက် အထူးသတင်းစကားပါးလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့သွားခဲ့သော်လည်း ဆွန်ဟောင်မင်ရဲ့ တော့တင်ဟမ်အတွက် ကစားပေးမှုတွေကို စောင့်ကြည့်ပြီး အားပေးဖြစ်ပါတယ်လို့ ကိန်းက ပြောကြားလိုက်ပါတယ်။

၂၀၁၅ ခုနှစ်တွင် လေဗာကူဆင်မှ တော့တင်ဟမ်သို့ ရောက်လာခဲ့တဲ့ ဆွန်ဟောင်မင်ဟာ ဝက်စ်ဟမ်းနှင့်ကစားခဲ့တဲ့ပွဲမှာ မြောက်လန်ဒန်ကလပ်အတွက် ပွဲပေါင်း ၄၀၀ ပြည့်ခဲ့ပြီဖြစ်ပြီး အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ကိန်း၊ အလီ၊ လိုရစ်တို့ကလည်း ဆုတောင်းစကားများ ပို့ခဲ့ကြတာဖြစ်ပါတယ်။

ကြည်နူးဖွယ်ကောင်းတဲ့ ဗီဒီယိုထဲတွင် ကိန်းက "ဘာတွေဖြစ်ကုန်ပြီလဲ ဆွန်နီရေ၊ တော့တင်ဟမ်အတွက် ဒီလိုမျိုး ပွဲပေါင်း ၄၀၀ အထိ ပြည့်ခဲ့တဲ့အပေါ် ဂုဏ်ယူမိပါတယ်"

"ဒါဟာ မကြည်နိုင်လောက်တဲ့ အောင်မြင်မှုတစ်ခုပါ။ ဒီလိုမျိုးပွဲအရေအတွက်မှာ မင်းနဲ့အတူ ကစားခဲ့ရတဲ့အတွက် အရမ်းကို ကံကောင်းခဲ့ရပါတယ်။ အရမ်းကောင်းတယ် ငါ့ကောင်ရေ၊ ဒီအတိုင်း ခြေစွမ်းပြသပြီး ဆက်သွားပါ"

"မင်းရဲ့ပွဲတွေကို ရက်သတ္တပတ်တိုင်း ငါကြည့်ဖြစ်ပါတယ်။ ဆက်တိုက် ခြေစွမ်းပြသပြီး ဂိုးတွေလိုက်စမ်းပါကွာ၊ မင်းနဲ့မကြာခင်တွေ့ဖို့ မျှော်လင့်ပါတယ်" လို့ ပြောထားပါတယ်။

တော့တင်ဟမ်မှာ ၉ ရာသီအထိ ရှိနေပြီဖြစ်တဲ့ ဆွန်ဟာ စံချိန်တွေ ဆက်တိုက်ချိုးနေသူဖြစ်ပါတယ်။ စနေနေ့က လူတန်တောင်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ဂိုးဟာ တောင်ကိုရီးယားသားအတွက် ဂိုး ၁၆၀ မြောက်ဖြစ်ပြီး အသင်းရဲ့ သွင်းဂိုးအများဆုံးတွင် အဆင့် ၅ နေရာအထိ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင်သူဟာ ကစားခဲ့တဲ့ပွဲပေါင်း ၄၀၀ ရဲ့ ပွဲတော်တော်များများမှာ အဓိက တိုက်စစ်မှူးနေရာက မကစားခဲ့ရတာလည်းဖြစ်ပါတယ်။ ကိန်းကတော့ ဂိုးပေါင်း ၂၈၀ ဖြင့် ဦးဆောင်ထားပြီး ဂျင်မ်မီဂရေ့ဗ်စ်က ၂၆၆ ဂိုး၊ ဘော်ဘီစမစ်က ၂၀၈ ဂိုး နှင့် မာတင်ချီဗာစ်က ၁၇၄ ဂိုး သွင်းယူပေးထားပါတယ်။

ထိပ်ဆုံး ၄ သင်းနေရာအတွက် ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲမှာ ဆွန်က ဂိုးတွေသွင်းယူဖို့ စိတ်အားထက်သန်နေပါတယ်။ လက်ရှိမှာတော့ တော့တင်ဟမ်ဟာ ဗီလာရဲ့နောက် ၂ မှတ်အကွာ တစ်ပွဲလျော့ဖြင့် ရပ်တည်နေပါတယ်။

#တော့တင်ဟမ် #ဟယ်ရီကိန်း #ဘိုင်ယန်မြူးနစ်