ရှေ့သို့
Image

ဂိုးဖန်တီးပေးခြင်းမရှိတဲ့ အသင်းဖော်တွေကို ဝေဖန်လိုက်တဲ့ ဘန်ဇီးမား

7:35 PM, 7 April

၃ လအထိ ဂိုးပေါက် ပျောက်ဆုံးနေရတဲ့ခြင်းတွင်း ဂိုးဖန်တီးမှု ပြုလုပ်ပေးခြင်းမရှိတဲ့ အသင်းဖော်တွေက ဘန်ဇီးမားက ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဆော်ဒီမှာ ဘန်ဇီးမားဟာ ဂိုးရရှိဖို့ ရုန်းကန်နေရတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်မှာလုပ်ခဲ့တဲ့ နောက်ဆုံးနှစ်ကလို ဂိုးတွေ အများကြီး မရရှိနေတာဖြစ်ပါတယ်။

အသင်းဖော်တွေက ကူညီပေးခြင်းမရှိတာကြောင့် သူ့ရဲ့စွမ်းဆောင်ရည်တွေက အကန့်အသတ်နှင့်သာဖြစ်သွားတာပါလို့ ဘော်လွန်းဒီအော်ဆုရှင်က ပြောကြာလိုက်ပါတယ်။

ဘန်ဇီးမားဟာ လက်ရှိရာသီမှာ ၉ ဂိုးသာသွင်းယူထားပြီး အယ်လ်နာဆာရှိ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ရော်နယ်ဒိုကတော့ ဂိုး ၂၀ သွင်းယူထားတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ဘာကြောင့် ခြေစွမ်းမပြသနိုင်တာလဲလို့ Action with Walid မှ မေးရာတွင် ပြင်သစ်နိုင်ငံသားက ရယ်ပြီးတော့ "တူညီတဲ့ပွဲအနေအထားမဟုတ်တော့လို့ပါ။ တူညီတဲ့ ကစားသမားတွေမဟုတ်တော့လို့ပါ။ ကျွန်တော်က ကူညီထောက်ပံ့မှုတွေလိုပါတယ်။ ကွင်းအတွင်းမှာ အသင်းဖော်တွေရဲ့ ကူညီမှုကိုလိုပါတယ်။ တစ်ဦးတည်းနဲ့တော့ ပွဲကို အနိုင်မရရှိနိုင်ပါဘူး" လို့ ဖြေပါတယ်။

ဆော်ဒီကလပ် အယ်လ်အီသီဟက်ထက် ရီးရဲလ်မက်ဒရစ်က အသင်းဖော်တွေက ပိုမိုပြီး တောင့်တင်းတယ်လို့ ဘန်ဇီးမားက ပြောကြားလိုက်ပါတယ်။ဒါဟာ ပြင်သစ်နိုင်ငံသားအတွက်ကတော့ ဆင်ခြေတစ်ခုတော့ မဟုတ်လောက်ပါဘူးလို့ တော်တော်များများက ထင်နေကြပါတယ်။ ဘန်ဇီးမားဟာ ဆော်ဒီမှာ လေ့ကျင့်ရေးတွေကိုလည်းလွဲချော်ခဲ့သလို ဥရောပသို့ ပြန်ဖို့ရှိနေတာလည်းဖြစ်ပါတယ်။ 

ဆော်ဒီမှာ မပျော်မရွင်ဖြစ်နေတယ်လို့ အရင်က သတင်းတွေထွက်ခဲ့သော်လည်း နွေရာသီရောက်လာချိန်မှာတော့ သူ့ရဲ့ရပ်တည်ချက်က ပြောင်းလဲသွားပါတယ်။ကစားသမားဟောင်းတွေနဲ့အတူ တွဲကစားချင်တယ်ဆိုရင်တော့ အယ်လ်အီသီဟက်ကနေထွက်ခွာပြီး အခြား အသင်းကြီးတွေထံ ပြောင်းရမှာဖြစ်ပါတယ်။


#ရီးရဲလ်မက်ဒရစ် #ဘန်ဇီးမား