ရှေ့သို့
Image

ဂွါဒီယိုလာက သူနဲ့ ဖိုဒန်တို့ကို ဘယ်လိုနေရာချပြီး အသုံးပြုနေသလဲဆိုတာ ရှင်းပြလာတဲ့ ဒီဘရိုင်း

1:11 PM, 7 April

မန်ချက်စတာစီးတီးကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းက အသင်းနည်းပြ ပက်ဂွါဒီယိုလာဟာ သူနဲ့ ဖီးလ်ဖိုဒန်တို့ကို  အသင်းရဲ့ကွင်းလယ်မှာ ဘယ်လို နေရာချနေသလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။ 

ယမန်နေ့ညက ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကယ်ဗင်ဒီဘရိုင်းဟာ မန်စီးတီးအတွက် အရေးပါတဲ့သွင်းဂိုး ၂ ဂိုးကိုသွင်းယူနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာတော့ ပက်ဂွါဒီယိုလာရဲ့အသင်းဟာ ပွဲအပြီးမှာတော့ ၂-၄ နဲ့အနိုင်ရခဲ့ပြီး အမှတ်ပေးဖလားပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ လီဗာပူးတို့ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ 

သို့သော်လည်း ယခုပွဲစဉ်မှာ ဦးဆောင်ဂိုးရခဲ့တဲ့အသင်းက ခရစ္စတယ်ပဲလေ့စ်ဖြစ်ခဲ့ပြီး ပွဲအစ ၃ မိနစ်မှာပဲ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးဟာ နောက်ကနေလိုက်ကစားခဲ့ရပြီး ၁၀ မိနစ်အကြာမှာတော့ ဒီဘရိုင်းရဲ့လှပတဲ့ကန်ချက်နဲ့အတူချေပဂိုးရရှိခဲ့ပါတယ်။ 


ထို့နောက် ဒုတိယပိုင်းမှာတော့ မန်စီးတီးက နောက်ထပ်သွင်းဂိုး ၃ ဂိုးထပ်မံရရှိခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်က ၁ ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် ၂-၄ နဲ့ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်ကို ဖိုဒန်အနေနဲ့ အရန်ခုံမှာသာထိုင်ခဲ့ရတာကြောင့် ယူရို ၂၀၂၄ အတွက် အင်္ဂလန်ရဲ့လူစာရင်းမှာပါဝင်နိုင်ဖို့ သံသယရှိဖွယ်ဖြစ်လာခဲ့ပါတယ်။ 


ဒီဘရိုင်းကတော့ သူနဲ့ ဖိုဒန်တို့ရဲ့အခြေအနေက တစ်ချိန်က သူနဲ့ ဒေးဗစ်ဆေးလ်ဗားတို့ရဲ့အခြေအနေနဲ့ တူညီမှုရှိတယ်လို့ယူဆနေပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားက “ကျွန်တော်နဲ့ ဖိုဒန်ရဲ့အခြေအနေက တစ်ချိန်တုန်းက ဒေးဗစ်ဆေးဗားလ်နဲ့လိုအခြေအနေပါပဲ။ အဲဒီတုန်းက ဒေးဗစ်က အတွေ့အကြုံရင့်ကစားသမားဖြစ်ပြီး ကျွန်တော်က အပြေးသမားဖြစ်ခဲ့ပါတယ်။ အစတုန်းက ကွင်းလယ်ကစားသမား ၂ ဦးဖြစ်နေတဲ့အခြေအနေကို ထိန်းညှိနိုင်ဖို့ခက်ခဲခဲ့ပေမယ့် ကျွန်တော်တို့ နည်းလမ်းရှာတွေ့ခဲ့ကြပါတယ်”


“ကျွန်တော်တို့ ဒီနည်းလမ်းကို ဂျူလီယန်(အယ်လ်ဗာရက်ဇ်) နဲ့လည်းအသုံးပြုနိုင်ပါတယ်။ သူက တိုက်စစ်မှူးစစ်စစ်လိုလည်းကစားနိုင်ပါတယ်။ ကျွန်တော်က ဒီနည်းလမ်းကို ဖိုဒန်နဲ့ဆိုလည်း အဆင်ပြေမယ်လို့ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

#မန်စီးတီး #ဒီဘရိုင်း #ပရီးမီးယားလိဂ်