ရှေ့သို့
Image

ကရာဗန်ကော့တေ့ချ်မှာ နောက်ကျသွင်းဂိုးဖြင့် အနိုင်သုံးမှတ်ရယူခဲ့တဲ့ နယူးကာဆယ်

10:49 PM, 6 April

ဖူလ်ဟမ် ဝ-၁ နယူးကာဆယ် (ပွဲပြီးရလဒ်)

ဂူမာယေးစ် ၈၁ မိနစ်


အစောပိုင်းပွဲချိန်တွေမှာ နှစ်သင်းလုံး ဂိုးပေါက်ပျောက်ဆုံးနေခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်ပြန်လည်စတင်လာချိန်မှာတော့ နယူးကာဆယ်တို့ ပြိုင်ဘက်ဂိုးပေါက်ဆီ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာတော့ လူစားဝင်လာတဲ့ ဟာဗေးဘန်းစ်ရဲ့ ဖြတ်တင်ဘောမှတဆင့် လျှံကျလာတဲ့ဘောလုံးကို ဂူမာယေးစ်က အပြင်းကန်သွင်းကာ ဧည့်သည်တွေအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။ လက်ကျန်ပွဲကစားချိန်တွေမှာ အိမ်ရှင်ဖူလ်ဟမ်က အပြောင်းအလဲတွေပြုလုပ်ပြီး ချေပဂိုးရှာဖွေဖို့ ကြိုးစားခဲ့ပေမယ့် မာကျောကျစ်လစ်နေတဲ့ နယူးကာဆယ်ခံစစ်ပိုင်းကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ နယူးကာဆယ်အသင်းရဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက် အားကောင်းလာခဲ့ပါတယ်။

#နယူးကာဆယ် #ဖူလ်ဟမ် #ပရီးမီးယားလိဂ်