ရှေ့သို့
Image

ဒီဘရိုင်း၊ ဟာလန်းတို့ကို ပွဲထွက်ခွင့်ပေးဖို့ ရှိ၊မရှိ မဆုံးဖြတ်ရသေးတဲ့ ပက်ဂွါဒီယိုလာ

3:33 PM, 6 April

အခုညနေပိုင်း၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ဟာလန်း၊ ဒီဘရိုင်းတို့ကို ပွဲထွက်ခွင့်ပေးမလားဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ပြောပါတယ်။ ဒီကစားသမားနှစ်ဦးလုံးက ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ အက်စတွန်ဗီလာကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ အရန်ကစားသမားတွေအဖြစ် ရှိနေခဲ့ပြီး ပွဲကစားချိန်မိနစ် မရရှိခဲ့ပါဘူး။

လာမယ့်အင်္ဂါနေ့၊ ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်နဲ့အတူ မန်စီးတီးမှာ ပြီးခဲ့တဲ့ရာသီ၊ ဖလားသုံးလုံးအောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းဖို့ အခွင့်အလမ်းတစ်ခု ရှိနေပါတယ်။ ပက်ဂွါဒီယိုလာကိုယ်တိုင်ကလည်း အလွန်ကျပ်တည်းလာဖွယ်ရှိတဲ့ပွဲစဉ်ဇယား ရေးဆွဲမှုကာလအတွင်း သူ့ရဲ့ကစားသမားတွေကို တက်နိုင်သမျှအလန်းဆန်းဆုံးဖြစ်နေစေရေး သတိပြုနေပါတယ်။

"ဗြိတိန်စံတော်ချိန် ၁၂နာရီခွဲမှာ ကစားရခြင်း၊ နောက်ထပ် နှစ်ရက်အကြာမှာ ကစားရခြင်းဆိုတဲ့ အချက်တွေကြောင့် ဟာလန်းနဲ့ ဒီဘရိုင်းတို့ ပြန်လည်ပါဝင်လာမယ်ဆိုရင် ကျွန်တော့်အတွက် စဉ်းစားရမယ့်အချက်တွေ ရှိလာပါတယ်။ ကစားရမယ့်ပွဲစဉ်တွေက များပြားလွန်းပါတယ်။ နောက်ဆုံးကစားရတဲ့ပွဲစဉ်အပြီး နောက်ထပ်နှစ်ရက်ခွဲတောင်မကြာတဲ့ကာလမှာ နောက်ထပ်ပွဲစဉ်တစ်ခုကို ကျွန်တော်တို့ ဆက်ကစားရပါမယ်။ အချို့ကစားသမားတွေက အခြားသူတွေထက် ကြံ့ခိုင်မှုပြည့်ဝတာ ပိုမိုမြန်ဆန်ပါတယ်။ သီတင်းပတ်တစ်ခုလောက် အနားရမယ်ဆိုရင်တော့ လုံးဝကွဲပြားခြားနားသွားမှာဖြစ်ပေမယ့် ပွဲစဉ်တွေစိပ်နေချိန်မှာတော့ ဆရာဝန်တွေ၊ ကိုယ်ကာယကြံ့ခိုင်မှုနည်းပြတွေ၊ အသင်းဝန်ထမ်းတွေနဲ့ ဆွေးနွေးရဖို့ ရှိလာပါတယ်။ လပေါင်းများစွာ သုံးရက်တစ်ပွဲနှုန်းကစားရတဲ့ အလေ့အကျင့်နဲ့ ကျွန်တော်တို့ နေသားကျနေပါပြီ။ အဲ့ဒီလိုပုံစံမျိုးဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။ ကျွန်တော်တို့ တစ်ပွဲပြီးတစ်ပွဲကစားနေရကာ လုံးဝအရှုံးမပေးပါဘူး။ ဥရောပပွဲစဉ်တွေက ကျွန်တော်တို့အတွက်တော့ အသစ်အဆန်း မဟုတ်တော့ပါဘူး။ ဒါကြောင့် ကစားသမားတွေက ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ တချိန်လုံးမဟုတ်ရင်တောင် ကာလအများစုမှာ သိထားကြပါတယ်"လို့ ပက်ဂွါဒီယိုလာက ပြောပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဒီဘရိုင်း #ဟာလန်း #ပရီးမီးယားလိဂ်