ရှေ့သို့
Image

ချဲလ်ဆီးရဲ့ ရုန်းကန်နေရမှုကို ရှင်းပြလိုက်သလို လာမယ့်ရာသီအတွက် ခန့်မှန်းမှုပြုလုပ်လိုက်တဲ့ အန်ဇိုဖာနန်ဒက်ဇ်

1:29 PM, 6 April

၂၀၂၃ နှစ်စတွင် ဘင်ဖီကာကနေ ချဲလ်ဆီးသို့ ပေါင် ၁၀၇ သန်းဖြင့် ရောက်လာခဲ့ပြီးနောက် ပရီးမီးယားလိဂ် သမိုင်းကြောင်းမှာ အန်ဇီုဟာ ဈေးအကြီးဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားရရှိမှုတွင် စတင်ပါဝင်ခဲ့ပြီး ကာတာမှာ ကျင်းပခဲ့တဲ့ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပါတယ်။

ချဲလ်ဆီးသို့ မပြောင်းရွှေ့မီ ကလပ်နှင့် နိုင်ငံအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့သော်လည်း ပရီးမီးယားလိဂ်မှာတော့  ရုန်းကန်ခဲ့ရကာ ပတ်ဝန်းကျင်အသစ်နဲ့ အသားကျဖို့ ခက်ခဲခဲ့ကြောင်း သူက ဝန်ခံထားပါတယ်။ အခုတော့ ပိုပြီးအသားကျလာတယ်လို့ ပြောထားပြီး ခြေစွမ်းပြသနိုင်လာပြီဖြစ်သော်လည်း လက်ရှိရာသီ ချဲလ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်အပေါ် စိတ်တိုင်းမကျဖြစ်နေတာဖြစ်ပါတယ်။

ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ပေါင် ၁ ဘီလီယံကျော် သုံးစွဲထားထားကြောင့် ချဲလ်ဆီးဟာ အနည်းဆုံးတော့ ချန်ပီယံလိဂ်အတွက် စိန်ခေါ်မှုရှိမှာဖြစ်သော်လည်း ရာသီတစ်လျှောက်လုံးမှာ အမှတ်ပေးဇယားရဲ့ တစ်ဝက်လောက်မှာသာရှိခဲ့တာဖြစ်ပါတယ်။ ကြာသပတေးနေ့က ယူနိုက်တက်နှင့်ပွဲမှာ ပိုချက်တီနိုရဲ့ အသင်းဟာ အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး အဆင့် ၁၀ သို့ တက်ရောက်နိုင်ခဲ့ကာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးနှင့် ရမှတ် ၂၇ မှတ်အထိ ကွာဟနေတာလည်းဖြစ်ပါတယ်။

အသင်းရဲ့ပုံစံအပေါ် အန်ဇိုက သဘောကျခြင်းမရှိသော်လည်း လာမယ့်ရာသီမှာတော့ လူငယ်တွေရဲ့တိုးတက်မှုနဲ့အတူ ပိုကောင်းလာမယ်လို့ ယုံကြည်နေပါတယ်။ ယူနိုက်တက်အား ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် DAZN သို့ အန်ဇိုက "ပထမဆုံး ၆ လက တော်တော်လေးကို မလွယ်ကူခဲ့ပါဘူး နိုင်ငံနှင့် ဘာသာစကားလည်း ပြောင်းလဲသွားသလို ကျွန်တော့်မှာ ကလေးငယ်လည်း ရှိပါတယ်" "ဒီကိုလာရတာက မလွယ်ပါဘူး။ ဒါပေမဲ့ အခုတော့ အားလုံးကောင်းသွားပါပြီ။ ပိုမိုအားကျလာကာ ပျော်ရွှင်လာပါပြီ"  "လက်ရှိ ရောက်နေတဲ့ နေရာအပေါ် သဘောမကျမိသလို ရှုံးနိမ့်ရတာကို မကြိုက်ပါဘူး။ ကျွန်တော့်အဖို့ တော်တော်လေးကို စိတ်ပျက်စေပါတယ်။ ဒီဖြစ်စဉ်ကို လက်ခံရမှာဖြစ်ပြီး လူငယ်ကစားသမားတွေ အများကြီးရှိနေတာကြောင့် လာမယ့်ရာသီမှာ ပိုကောင်းလာမှာပါ" လို့ ပြောပါတယ်။

ချဲလ်ဆီးအသင်းဟာ ယူနိုက်တက်နှင့်ပွဲမှာ ဂယ်လာဂါရဲ့ အဖွင့်ဂိုးနှင့် ကိုးပါလ်မာရဲ့ ပင်နယ်တီဂိုးတို့ကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ တန်ဟက်ရဲ့အသင်းဟာ ထိပ်ဆုံး ၄ သင်းအတွက် ယှဉ်ပြိုင်နေတာဖြစ်ပြီး ဂါနာချိုနဲ့ ကန်သွင်းချက်၊ ဖာနန်ဒက်စ်ရဲ့ ခေါင်းတိုက်မှုများဖြင့်ပွဲကို ဦးဆောင်ထားတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အဖိုးတန် ၃ မှတ်ကို ရလုနီးဖြစ်ခဲ့သော်လည်း အချိန်ပိုတွင် ကိုးပယ်လ်မာရဲ့ ပင်နယ်တီနဲ့ အနိုင်ဂိုးကို ခွင့်ပြုပေးလိုက်ရတာဖြစ်ပါတယ်။

#ချဲလ်ဆီး #ဖာနန်ဒက်စ် #ပရီးမီးယားလိဂ်