ရှေ့သို့
Image

ဘွန်ဒက်စ်လီဂါပွဲစဉ် (၂၈) ကိုလုံး-ဘိုချမ် ပွဲကြိုခန့်မှန်းချက် (ည ၈:၀၀)

9:47 AM, 6 April

ကိုလုံး-ဘိုချမ် ဒဏ်ရာရပွဲပယ်
-------------
ကိုလုံး - ဂျပ်စတင်ဒိုင်းလ်၊ လူကာကီလီယန်(သေချာပေါက်လွဲ)၊ မတ်အုချ်(မသေချာ)
ဘိုချမ် - ဘော်နီကာတန်၊ မိုဟာမက်တိုလ်ဘာ(သေချာပေါက်လွဲ)၊ အက်ဆာ(မသေချာ)

ကိုလုံးအတွက် ခြောက်မှတ်တန်ပွဲစဉ်လို့တောင် ပြောလို့ရပါတယ်။ တန်းဆင်းဇုန်ရုန်းထွက်ဖို့ အနည်းဆုံး ၇ မှတ်လောက်အထိ လိုအပ်နေချိန်မှာ အနီးဆုံးပြိုင်ဘက်နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ရလဒ်ကောင်းဖော်ဆောင်နိုင်မယ်ဆိုရင် မျှော်လင့်ချက်ပြန်လည်အားကောင်းလာပါလိမ့်မယ်။

ဘိုချမ်က ဘိုင်ယန်မြူးနစ်ကို အနိုင်ရပြီးကတည်းက နောက်ဆုံးငါးပွဲဆက်နိုင်ပွဲပျောက်ဆုံးရာမှာ ပြီးခဲ့တဲ့သီတင်းပတ်၊ ဒမ်စတက်နဲ့ရင်ဆိုင်ရချိန်မှာတောင် အမှတ်ခွဲဝေပေးလိုက်ရပါတယ်။ လတ်တလောမှာ ပုံစံကောင်းပြန်လည်ရှာဖွေဖို့ လိုအပ်နေလို့ အခုပွဲစဉ်ကို ဘိုချမ်တို့ သတိထားချဉ်းကပ်လာနိုင်ပါတယ်။ နှစ်သင်းလုံးရဲ့ခံစစ်ပိုင်းအခြေအနေအရ အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရနိုင်တဲ့အခြေအနေမှာ ဂိုးပေါင်းကြေးဖွင့်လှစ်မှုက ပျော့ပြောင်းလွန်းနေတယ်လို့ ခံစားမိတာကြောင့် ဂိုးအောက်သွားမယ့်ပွဲစဉ်ပါပဲ။
 
ကိုလုံး - ဘိုချမ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
--------------------------------------------------------------------
ဘိုချမ် ၁ - ၁ ကိုလုံး (၁၂-နိုဝင်ဘာ-၂၀၂၃)
ကိုလုံး ၀ - ၂ ဘိုချမ် (၁၁-မတ်-၂၀၂၃)
ဘိုချမ် ၁ - ၁ ကိုလုံး (၁၈-စက်တင်ဘာ-၂၀၂၂)
ဘိုချမ် ၂ - ၂ ကိုလုံး (၂၃-ဇန်နဝါရီ-၂၀၂၂)
ကိုလုံး ၂ - ၁ ဘိုချမ် (၂၈-သြဂုတ်-၂၀၂၁)
.
ကိုလုံး နောက်ဆုံး (၅) ပွဲရလဒ်
------------------------------
အော့စ်ဘတ် ၁ - ၁ ကိုလုံး (၃၁-မတ်-၂၀၂၄)
ကိုလုံး ၁ - ၅ လိုက်ပ်ဇစ် (၁၆-မတ်-၂၀၂၄)
မိုချန်ဂလာဘတ် ၃ - ၃ ကိုလုံး (၉-မတ်-၂၀၂၄)
ကိုလုံး ၀ - ၂ လေဗာကူဆင် (၃-မတ်-၂၀၂၄)
စတုဂတ် ၁ - ၁ ကိုလုံး (၂၄-ဖေဖော်ဝါရီ-၂၀၂၄)
.
ဘိုချမ် နောက်ဆုံး (၅) ပွဲရလဒ်
------------------------------
ဘိုချမ် ၂ - ၂ ဒမ်စတက် (၁-ဧပြီ-၂၀၂၄)
မိန့်ဇ် ၂ - ၀ ဘိုချမ် (၁၆-မတ်-၂၀၂၄)
ဘိုချမ် ၁ - ၂ ဖရိုင်းဘတ် (၁၀-မတ်-၂၀၂၄)
ဘိုချမ် ၁ - ၄ လိုက်ပ်ဇစ် (၂-မတ်-၂၀၂၄)
မိုချန်ဂလာဘတ်  ၅ - ၂ ဘိုချမ် (၂၄-ဖေဖော်ဝါရီ-၂၀၂၄)

#ပွဲကြိုသုံးသပ်ချက် #ကိုလုံး #ဘိုချမ် #ဘွန်ဒက်စ်လီဂါ