ရှေ့သို့
Image

ယူကရိန်းနိုင်ငံကဘက်က ခေါ်ယူမယ်ဆိုရင် စစ်ပွဲထဲဝင်ဖို့ ပြင်ဆင်နေတဲ့ ဇင်ချန်ကို

9:36 AM, 6 April

အာဆင်နယ်အသင်းဘယ်နောက်ခံလူ ဇင်ချန်ကိုက သူ့အနေနဲ့ နိုင်ငံဘက်က ခေါ်ယူမယ်ဆိုရင် စစ်ပွဲထဲဝင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ၂၀၂၂ ဖေဖော်ဝါရီတုန်းက ရုရှားက ယူကရိန်းမြေကို ကျူးကျော်စစ်စတင်ခဲ့တာဖြစ်ပြီး အခုချိန်အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ဘီဘီစီနဲ့အင်တာဗျူးမှာ ဇင်ချန်ကိုက သူ့အနေနဲ့ စစ်ပွဲထဲဝင်ဖို့ ပြင်ဆင်နေဆဲလို့ ပြောကြားခဲ့ပါတယ်။ “အဲ့တာက နားလည်ဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့ ကျောင်းအတူတူတက်ခဲ့ကြတာပါ။ ကျွန်တော်တို့က ဘောလုံးကန်နေပေမယ့် သူတို့က တိုင်းပြည်ကို ကာကွယ်နေပါတယ်။ ပြီးတော့ အရိုးသားဆုံးပြောရရင် အဲ့တာကို လက်ခံဖို့ခက်ခဲပါတယ်။ ဒါပေမယ့် အဲ့တာက ဘာလဲဆိုတာပြသနေပါတယ်။ ကျွန်တော်တို့ လက်မလျော့ပါဘူး။ လန်ဒန်မှာရှိနေတာက အခြားသူတွေအမြင်မှာ လွယ်ကူနေတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ကျွန်တော် ဒီစစ်ပွဲကို အမြန်ပြီးဆုံးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်တာဝန်ကဘာလဲ?။ နိုင်ငံနဲ့ လူမျိုးအတွက် ဘယ်လိုကူညီနိုင်မလဲ?။ ယူကရိန်းသားဖြစ်ရတာလောက် ဂုဏ်ယူစရာကောင်းတာမရှိပါဘူး။ ကျွန်တော်ဒီစစ်ပွဲကို အလျင်အမြန်ပြီးဆုံးချင်နေပါပြီ။ ဒါဆိုရင် ယူကရိန်းကို ကျွန်တော်လိုချင်သလို တည်ဆောက်နိုင်ပါပြီ”လို့ ဇင်ချန်ကိုက အတူနေကျောင်းဖော်တွေအကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၁၆ တုန်းက ဇင်ချန်ကိုတစ်ယောက် Ufa နဲ့ရုရှားမှာ အချိန်ကုန်ဆုံးခဲ့သေးတာဖြစ်ပြီး သူ့အနေနဲ့ အသင်းဖော်ဟောင်းတွေနဲ့ အဆက်အသွယ်မရှိတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ကျူးကျော်စစ်စတင်ကတည်း ကျွန်တော် အနည်းငယ်နဲ့ပဲ အဆက်အသွယ်ရှိပါတော့တယ်။ အချို့မက်ဆေ့ချ်ပို့ပေမယ့် ကျွန်တော်သူတို့ကို အပြစ်မတင်ချင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့တာက သူတို့အပြစ်မဟုတ်တာကြောင့်ပါ။ ကျွန်တော် သူတို့ကို မင်းတို့အပြင်ထွက်ပြီး ဒီအရာတွေကိုဆန့်ကျင်ပါလို့ မပြောချင်ပါဘူး။ အဲ့လိုလုပ်ရင် သူတို့ထောင်ကျနိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်”လို့ ဇင်ချန်ကိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဇင်ချန်ကိုဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက ဒဏ်ရာပြဿနာကြောင့် နားနေခဲ့ရတာဖြစ်ပြီး လူတန်တောင်းနဲ့ပွဲတုန်းကမှ ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

#အာဆင်နယ် #ဇင်ချန်ကို #ပရီးမီးယားလိဂ်