ရှေ့သို့
Image

အာဆင်နယ်ဟာ ချန်ပီယံဆုတွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ ဇင်ချန်ကို ယုံကြည်နေ

9:01 AM, 5 April

လူတန်တောင်းကို ၂ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အမှတ်ပေးဇယားကို ရယူနိုင်ဖို့ အခြေအနေကောင်းလာခဲ့ပြီး မန်စီးတီးနဲ့ လီဗာပူးတို့ကို ဖိအားပေးထားနိုင်ပါတယ်။ အာတီတာရဲ့အသင်းဟာ ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး လာမယ့်အပတ်ထဲမှာ ပထမအကျော့ကို စတင်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

၂၀၀၆ တုန်းက ဘာစီလိုနာကို ဖိုင်နယ်မှာအရေးနိမ့်ပြီးကတည်းက “အာဆင်နယ်ဟာ ဥရောပဆုဖလားနဲ့နီးစပ်ခြင်း မရှိတော့တာဖြစ်ပါတယ်။ ဒါပေမယ့် ဇင်ချန်ကိုက အာဆင်နယ်ဟာ ဒီရာသီမှာ မန်စီးတီး ၊ လီဗာပူးတို့လိုအသင်းတွေဆီကနေ အမှတ်ယူထားနိုင်တာက ချန်ပီယံဖြစ်နိုင်တယ်ဆိုတဲ့သက်သေပြနေတယ်လို့ ယုံကြည်နေပါတယ်။ မှန်ပါတယ်။ ကျွန်တော်လိမ်ပြောနေတာမဟုတ်ပါဘူး။ ၁၀၀% မှန်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကမ္ဘာ့အကောင်းဆုံး အသင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ပြသနေပါတယ်။ စီးတီးအိမ်ကွင်းမှာ ကစားရတာက မလွယ်ကူပါဘူး။ လီဗာပူးနဲ့အဝေးကွင်းလာ်း အတူတူပါပဲ။ ကျွန်တော် အခြားအသင်းတွေကို မလေးမစားပြောတာမဟုတ်ပါဘူး။ အဲ့တာက အာဆင်နယ်ဟာ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပြီဆိုတာ ပြသနေပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ တစ်စုံတစ်ခုအတွက် တိုက်ပွဲဝင်နေတယ်ဆိုတာ သိပါတယ်”လို့ ဇင်ချန်ကိုက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံဆုနဲ့နီးစပ်ခဲ့ပေမယ့် ရာသီသိမ်းခါနီးမှာခြေချော်ခဲ့တာကြောင့် လွဲချော်ခဲ့ပါတယ်။ ဇင်ချန်ကိုဟာ အာဆင်နယ်ကိုမပြောင်းခင် စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အထိ ရယူထားနိုင်ခဲ့ကာ ပြီးခဲ့တဲ့ရာသီတုန်းကဖြစ်ရပ်ကို သင်ခန်းစာယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

“မနှစ်ကအတွေ့အကြုံကနေ သင်ခန်းစာယူပြီး ဒီနှစ်မှာတိုးတက်အောင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အတွေ့အကြုံပိုရနေပြီလို့ ခံစားရပါတယ်။ တိုးတက်လာနေတယ်လို့လည်း ကျွန်တော်ထင်ပါတယ်”လို့ ဇင်ချန်ကိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ လာမယ့်စနေနေ့မှာ ဘရိုက်တန်နဲ့အဝေးကွင်းပွဲ ကန်ရမှာဖြစ်ပြီး အဲ့နောက် ချန်ပီယံလိဂ်အပြင် အက်စ်တွန်ဗီလာ၊ ချဲလ်ဆီး၊ တော့တင်ဟမ်၊ ယူနိုက်တက်တို့နဲ့ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#အာဆင်နယ် #ဇင်ချန်ကို #ပရီးမီးယားလိဂ် #လူတန်တောင်း