ရှေ့သို့
Image

အက်စတွန်ဗီလာနဲ့အတူ အမ်မရီလုပ်ပြနေတဲ့အရာတွေအပေါ် မအံ့သြမိပါဘူးလို့ ဖွင့်ဟလာတဲ့ ပက်ဂွါဒီယိုလာ

3:37 PM, 3 April

မန်စီတီးနည်းပြ ပက်ဂွါဒီယိုလာက အက်စတွန်ဗီလာ အသင်းနဲ့အတူ အူနိုင်းအမ်မရီ စွမ်းဆောင်ပြနေမှုတွေကို အံ့သြမှင်သက်မိတာမျိုး အလျဉ်းမရှိပါဘူူးလို့ ပြောကြားခဲ့ပါတယ်။

အမ်မရီရဲ့အသင်းက အခုဘောလုံးရာသီ၊ လတ်တလောကာလအထိ အမှတ်ပေးဇယားအဆင့်-၄ နေရာမှာ ရပ်တည်နေပြီး ဒီနေ့ညပိုင်း၊ အီတီဟတ်ကွင်းမှာ မန်စီးတီးနဲ့ ရင်ဆိုင်ကစားရပါမယ်။

ပက်ဂွါဒီယိုလာက “သူတို့အသင်းကစားပုံ အရမ်းကောင်းပါတယ်။ ရာသီတိုင်းမှာ အူနိုင်းအမ်မရီရဲ့ ဦးဆောင်မှုဖြင့် တည်ငြိမ်မှုတွေပြသနေတဲ့ အက်စတွန်ဗီလာက အထင်ကြီးစရာပါ။ အမ်မရီကိုယ်တိုင်လည်း အမြဲတမ်း အကောင်းဆုံးလုပ်ပြခဲ့ပါတယ်။ သူ့ရဲ့အရည်အသွေး၊ စီမံခန့်ခွဲမှုနဲ့ ဗီလာအသင်းရဲ့အရည်အသွေးပိုင်းအပေါ် ကျွန်တော် မအံ့သြမိပါဘူး။ နည်းပြတိုင်းက ပြိုင်ဘက်အသင်းတွေရဲ့ပွဲစဉ်တွေကို လိုက်ကြည့်နေမယ်လို့ မယူဆမိတာကြောင့် ကျွန်တော်ကိုယ်တိုင်လည်း ပွဲစဉ်တိုင်း မကြည့်ဖြစ်ခဲ့ပါဘူး”

“အမ်မရီက သူ့ရဲ့အသင်းကို တူညီတဲ့နည်းစနစ်အတိုင်းပဲ ကစားစေတယ်လို့ ထင်ပါတယ်။ သူတို့တွေမှာ အရမ်းကောင်းတဲ့ အလွတ်တည်ကန်ဘောနည်းစနစ်ပိုင်း ကျွမ်းကျင်သူတွေနဲ့ မယုံကြည်နိုင်လောက်အောင် မြန်နှုန်းမြင့်တဲ့ တိုက်စစ်ပိုင်း ကစားသမားနှစ်ဦး ရှိပါတယ်။ ဒီပုံစံက သူတု့ိလုပ်မယ့်အရာကို အလွန်ရိုးရှင်းစေပါတယ်။ သူတို့တွေ ပြိုင်ဘက်အပေါ် အမြင့်ဆုံးအထိ ဖိအားပေးနိုင်သလို ခံစစ်ကိုလည်း လေးယောက်တန်း(သို့မဟုတ်)ငါးယောက်တန်းပုံစံမျိုး စနစ်တကျစုဖွဲ့ပြီး ခုခံကာကွယ်နိုင်ပါတယ်။ သူတို့မှာ အရမ်းကောင်းတဲ့ ဂိုးသမားတစ်ဦးလည်း ရှိပါတယ်။ ဒါတွေကြောင့်ပဲ အက်စတွန်ဗီလာက လက်ရှိသူတို့ရောက်နေတဲ့နေရာမှာ ရှိနေနိုင်တာဖြစ်ပြီး ဒီနေရာအတွက်ပဲ ဆက်လက်တိုက်ပွဲဝင်နေကြပါတယ်”လို့ ပြောပါတယ်။

#မန်စီးတီး #အက်စတွန်ဗီလာ #ဂွါဒီယိုလာ #ပရီးမီးယားလိဂ်