ရှေ့သို့
Image

ကစားသမားတွေ ပဲ့ကိုင်ထိန်းသိမ်းရတာကို ချစ်နှစ်သက်ကြောင်း တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူ ပြောကြား

1:41 PM, 3 April

ဝက်စ်ဟမ်းကို ၁-၁ သရေကျခဲ့ပြီးနောက် တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူက သူ့အနေနဲ့ အသင်းသားတွေကို ပဲ့ကိုင်ထိန်းသိမ်းရတာ ကြိုက်နှစ်သက်ကြောင်း ပြောကြားလိုက်ပါတယ်။

ဘရီနန်ဂျွန်ဆင်က တော့တင်ဟမ်အတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် ဇူးမားက ဝက်စ်ဟမ်းအတွက် ချေပဂိုးပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ အခုသရေပွဲကြောင့် ဗီလာအသင်းရဲ့နောက် ၂ မှတ်အကွာ အဆင့် ၅ နေရာမှာပဲရပ်တည်နေပြီး ယူနိုက်တက်နဲ့ ၉ မှတ်အထိ ကွာဟနေဆဲဖြစ်ပါတယ်။

“ပွဲရဲ့အများစုကို ကျွန်တော်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ သူတို့က သန်မာတဲ့အသင်းတစ်သင်းပါ။ ခံစစ်ကိုလည်း သေချာလေးပြင်ဆင်လာတာကြောင့် ကစားရတာခက်ခဲခဲ့ပါတယ်။ ခင်ဗျားအနေနဲ့ သေချာလေးချဉ်းကပ်ရသလို စုစုစည်းစည်းလည်းကန်ရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က တန်ပြန်တိုက်စစ်ကနေ ခြိမ်းခြောက်နိုင်တာကြောင့်ပါ။ တည်ကန်ဘောကနေ ဂိုးပေးလိုက်ရပေမယ့် ကျန်တဲ့တည်ကန်ဘောတွေကို ရှင်းထုတ်နိုင်ခဲ့ပါတယ်။ တိုက်စစ် ၃ ယောက်ကလည်း တည်ငြိမ်မှုပြတ်လပ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က လူသားတွေဖြစ်သလို အဲ့တာက ဘောလုံးမှာဖြစ်တတ်ပါတယ်။ သူတို့ိကို ပဲ့ကိုင်ထိန်းသိမ်းရတာကို ကြိုက်နှစ်သက်ပါတယ်။ ဒါပေမယ့် အဲ့တာက အလုပ်မဖြစ်ခဲ့ပါဘူး။ တစ်ချို့အချိန်တွေမှာ ကျွန်တော်တို့တွေးတာထက်ပိုလုပ်ရတာတွေရှိပါတယ်။ ဖြတ်တင်ဘောတွေပေးပို့လိုက်ချိန်မှာ ကျွန်တော်တို့မှာ အဲ့ဧရိယာထဲမှာရှိနေဖို့ လိုအပ်ပါတယ်။ အဲ့တာက အစိတ်အပိုင်းအားလုံးတိုးတက်မှုပါ။ ဒါက ကျွန်တော်တို့နည်းပြတွေမှာပဲရှိတဲ့အရာပါ”လို့ ပိုစတီကိုဂလူက ပြောကြားခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်း အခွင့်အရေးရခဲ့ပေမယ့် ကူဒက်စ်ရဲ့ဖြတ်တင်ပေးပို့မှုကောင်းခဲ့ပေမယ့် ဘိုဝင်ရဲ့အဆုံးသတ်က လွဲချော်ခဲ့ပါတယ်။

#တော့တင်ဟမ် #ပရီးမီးယားလိဂ် #ပိုစတီကိုဂလူ