ရှေ့သို့
Image

သမိုင်းဝင်စံချိန်ကောင်းတစ်ခု ရယူနိုင်မယ့် ပထမဆုံး ကစားသမားဖြစ်လာဖွယ်ရှိနေတဲ့ ရော်နယ်ဒို

10:58 AM, 2 April

အယ်လ်နာဆာစတား ရော်နယ်ဒိုတစ်ယောက် ရာသီအကုန်မှာ သမိုင်းဝင်စံချိန်ကောင်းတစ်ခုရယူနိုင်မယ့် အခွင့်အရေးတစ်ရပ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက အလွတ်နဲ့ပြောင်းရွှေ့လာခဲ့ပြီးနောက် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းမှာ ဒုတိယရာသီကို ဖြတ်သန်းနေပါတယ်။ ဒီရာသီမှာ ရော်နယ်ဒိုဟာ ၂၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး စနေနေ့က Al-Taee အသင်းကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

လက်ရှိဆော်ဒီလိဂ်မှာလည်း ရော်နယ်ဒိုတစ်ယောက် ရွှေဖိနပ်ဆုရယူနိုင်ဖို့ ဦးဆောင်နေပြီး သူ့နောက်မှာ အယ်လ်-ဟီလယ်စတား မီထရိုဗစ်က ၄ ဂိုးအကွာနဲ့ ရပ်တည်နေပါတယ်။ ဒါပေမယ့် ဆားဘီးယားသားဟာ ပွဲတော်တော်များများကို ကြွက်သားဒဏ်ရာကြောင့် နားနေခဲ့ရတာဖြစ်ပြီး ရော်နယ်ဒိုကို လိုက်မီနိုင်ဖွယ်မရှိဘူးလို့ ဖော်ပြနေကြပါတယ်။

တွစ်တာအကောင့် Twitugal ကတော့ ရော်နယ်ဒိုဟာ ဆော်ဒီလိဂ်မှာသာ ရွှေဖိနပ်ဆုရယူနိုင်ခဲ့ရင် မတူညီတဲ့လိဂ် ၄ ခုမှာ ရွှေဖိနပ်ဆုရယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာမယ်လို့ ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက် ၊ ရီးရဲလ် ၊ ဂျူဗင်တပ်စ်တို့မှာ ရွှေဖိနပ်ဆုရယူနိုင်ခဲ့ဖူးတာဖြစ်ပါတယ်။

ဂါးဒီးယန်းသတင်းဌာနကတော့ ဘရာဇီးဂန္ထဝင် ရိုမာရီယိုက မတူညီတဲ့လိဂ် ၄ ခုမှာ အခုလိုမျိုးစံချိန်တင်နိုင်ခဲ့တဲ့သူအဖြစ် မှတ်တိုင်စိုက်ထူထားနိုင်ခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ မတူညီတဲ့လိဂ် ၃ ခုမှာ သမိုင်းရေးထိုးနိုင်တဲ့သူတွေအဖြစ် ဆွာရက်ဇ်၊ ဒီစတီဖန်နို၊ နစ္စတယ်ရွိုင်းလ်နဲ့ လီဝန်ဒေါစကီးတို့ ရှိနေပါတယ်။

လက်ရှိမှာ ဆွာရက်ဇ်တစ်ယောက် အင်တာမိုင်ယာမီမှာ ကစားနေပြီး လိဂ် ၇ ပွဲမှာ ၅ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

#ရော်နယ်ဒို