ရှေ့သို့
Image

ရိုဒရီဂို၊ မီလီတာအိုတို့နဲ့အတူ ဘီလ်ဘာအိုကို အနိုင်ရရှိခဲ့လို့ ပျော်ရွှင်ကျေနပ်နေတဲ့ အန်ဆယ်လော့တီ

3:24 PM, 1 April

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ဒီနေ့မနက်ပိုင်း လာလီဂါပွဲစဉ်မှာ ဘီလ်ဘာအိုကို အနိုင်ရရှိခဲ့လို့ ပျော်ရွှင်ကျေနပ်နေပါတယ်။ အခုအိမ်ကွင်းပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က တိုက်စစ်မှူးရိုဒရီဂိုရဲ့သွင်းဂိုးတွေဖြင့် ပြိုင်ဘက်ကို ၂-၀ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။

အန်ဆယ်လော့တီက “ရိုဒရီဂိုအတွက် ပွဲကောင်းတစ်ခုဖြစ်ခဲ့ပြီး ကွဲပြားခြားနားမှုကို ဖန်တီးပေးခဲ့ပါတယ်။ သူက ကျွန်တော်တို့အတွက် စောစောစီးစီး ဦးဆောင်ဂိုးရှာဖွေပေးခဲ့သလို ထိပ်တန်းစွမ်းဆောင်ရည်နဲ့အတူ အခိုက်အတန့်နှစ်ခုမှာ ပါဝင်ပတ်သက်ပေးခဲ့ပါတယ်။ ဒါကပဲ ရိုဒရီဂိုလုပ်ပေးခဲ့တဲ့ အရာဖြစ်ပြီး သူလုပ်ရမယ့် အရာလည်း ဖြစ်ပါတယ်။ လူတွေက သူ့ကို ဘယ်တောင်ပံမှာကစားရင် ပိုကောင်းတယ်လို့ ပြောနေချိန်မှာတောင် သူက ဘယ်နေရာမှာပဲဖြစ်ဖြစ် အကောင်းဆုံးကစားနိုင်တယ်လို့ ယူဆမိပါတယ်။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်လို ပွဲစဉ်တစ်ခုမှာ ညာတောင်ပံမှာကစားရင်း ရိုဒရီဂို နှစ်ဂိုးသွင်းခဲ့တာ မှတ်မိနေပါသေးတယ်။ သူက အမြဲလိုလို ဂိုးပေါက်မတည့်နိုင်တဲ့ တိုက်စစ်မှူးကောင်းဖြစ်ပေမယ့် ဒါက ပုံမှန်အခြေအနေပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်အတွင်း ဒဏ်ရာပြဿနာတွေကြောင့် ကာလရှည်အနားယူနေရတဲ့ ခံစစ်မှူးမီလီတာအိုလည်း အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးခဲ့ပါတယ်။

အန်ဆယ်လော့တီက “ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးတွေအနက် တစ်ဦးအဖြစ် မီလီတာအိုလည်း ပါဝင်နေပါတယ်။ သူ့ကိုပြန်ရလိုက်တာ တကယ့်ကို အရေးပါလွန်းပါတယ်။ သူ့အတွက် အသားကျလာအောင်လုပ်ဖို့ အချိန်နည်းနည်းတော့ ပေးရပါဦးမယ်။ ဒါပေမယ့် အရေးအကြီးဆုံး အရာကတော့ ကျွန်တော်တို့ဆီ မီလီတာအို ပြန်ရောက်လာတဲ့ကိစ္စပါပဲ။ လာမယ့်ပွဲစဉ်တွေအတွက်ရော၊ ရာသီ အဆုံးသတ်ကာလအတွက်ပါ ကျွန်တော်တို့ သူ့ကို လိုအပ်နေပါလိမ့်မယ်။ ကာလရှည်အနားယူရပြီးနောက် အသင်းဆီ ကစားသမားတစ်ဦး ပြန်လာနိုင်မှုက အဝတ်လဲခန်းအတွင်း အပေါင်းလက္ခဏာဆောင်တဲ့ ခံစားချက်ကို ယူဆောင်ပေးလာပါလိမ့်မယ်။ သူ့အသင်းဖော်တွေအကုန်လုံးကလည်း သူ့ကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်”

“ကျွန်တော်တို့က အမှတ်ပေးပြိုင်ပွဲမှာ အသာစီးရထားပြီး ဒီအချက်ကို အသုံးချကာ လက်ကျန်ပွဲစဉ်တိုင်းကို အနိုင်ရရှိအောင် ကြိုးစားသွားဖို့ အာရုံစိုက်ထားပါတယ်။ မာယော့ကာနဲ့ရင်ဆိုင်ရမယ့် လာမယ့်သီတင်းပတ်ပွဲစဉ်မှာ ဒါကို စတင်အသုံးချသွားရပါမယ်။ အမှတ်ပေးပြိုင်ပွဲက မပြီးဆုံးသေးတာကြောင့် ဘာကိုမှ ကံသေကံမတွက်ချက်လို့ မရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ အာသာချက်တစ်ခုတော့ ရှိနေပါတယ်။ အခုအချိန်မှစပြီး ကျွန်တော်တို့တွေ ဘောလုံးကို ကောင်းကောင်းကစားကာ ပွဲစဉ်တိုင်းအနိုင်ရရှိဖို့ ကြိုးစားသွားရပါမယ်။ ဂိုးသွင်းတယ်ဆိုတာက စီရော်နယ်ဒို (သို့မဟုတ်) ဘန်ဇီးမားတို့လို တိုက်စစ်မှူးတွေအတွက် သီးခြားကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ အချိန်တွေရွှေ့လျားလာတာနဲ့အမျှ အတွေ့အကြုံတွေ ရရှိလာပြီး ရိုဒရီဂိုက ဒီနယ်ပယ်မှာ တိုးတက်လာခဲ့ပါတယ်။ ရိုဒရီဂိုက ဘောလုံးကို အင်ပြည့်အားပြည့်ကစားလေ့ ရှိပါတယ်။ သူက ငယ်ရွယ်သေးလို့ ခံစစ်ကို ကူညီပေးဖို့ပါ ကျွန်တော် တောင်းဆိုခဲ့ပါတယ်။ ဆိုလိုတာက ရိုဒရီဂိုအတွက် ဒီနေ့လိုမျိုး ဂိုးပေါက်ရှေ့လန်းဆန်းနေမှုကို အရင်ပွဲစဉ်တွေမှာ မတွေ့ခဲ့ရတာကို ရည်ရွယ်လိုရင်း ဖြစ်ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဘီလ်ဘာအို #အန်ဆယ်လော့တီ