ရှေ့သို့
Image

လာလီဂါ ပွဲစဉ် (၃၀) မှ ဗီလာရီးရဲလ် - အက်သလက်တီကို ပွဲကြိုခန့်မှန်းချက် (နံနက် ၁း၃၀)

12:49 PM, 1 April

ဗီလာရီးရဲလ် - အက်သလက်တီကို ဒဏ်ရာရပွဲပယ်
------------
ဗီလာရီးရဲလ် -အယ်လ်ဘာတိုမော်ရီနို၊ ကီကိုဖိမီနီယာ(ပွဲပယ်ပြစ်ဒဏ်)၊ ပီနို၊ တာရက်စ်၊ ပီဒရာဇာ၊ အဲရစ်ဘိုင်လေ(သေချာပေါက်လွဲ)၊ ဂျူအန်ဖွိုက်စ်(မသေချာ)
အက်သလက်တီကို - ဒီပေါလ်၊ မိုလီနာ (ပွဲပယ်ပြစ်ဒဏ်)၊ ဗီတိုလို၊ လီမာ၊ ပေါ်လို၊ ဟာမိုဆို(သေချာပေါက်လွဲ)

အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရပ်တည်နေပြီး မျှော်လင့်ချက်ကိုယ်စီရှိနေတဲ့ အသင်းနှစ်ခုရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်လို့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ဗီလာရီးရဲလ်အတွက် ဥရောပပြိုင်ပွဲလည်း မရှိတော့ဘဲ လာမယ့်ရာသီဥရောပဝင်ခွင့်အတွက် လာလီဂါလမ်းကြောင်းမှတဆင့်သာ ကြိုးစားသွားရမှာဖြစ်လို့ ရမှတ်လိုအပ်ချက် ရှိနေပါတယ်။ 

လတ်တလောခြေစွမ်းပိုင်းအရ ဗီလာရီးရဲလ်က နိုင်ပွဲဆက်နေလို့ အေတီကိုတို့ အခက်တွေ့နိုင်ပါတယ်။ တဖက်မှာလည်း အနီးဆုံးပြိုင်ဘက်ဘီလ်ဘာအို ရှုံးပွဲကြုံတွေ့ခဲ့လို့ အေတီကိုတို့ အမှတ်ပြည့်ရှာဖွေနိုင်မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းဆီ ပြန်လည်ဝင်ရောက်နိုင်ပါလိမ့်မယ်။ နှစ်သင်းလုံးရဲ့ အမှတ်လိုအပ်ချက်တွေကြောင့်  တိုက်စစ်ဖွင့်ကစားလာဖွယ်ရှိလို့ ဂိုးပေါ်ကို ပိုအကြိုက်တွေ့မိတယ်။


ဗီလာရီးရဲလ် - အက်သလက်တီကို ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
-------------------------------------------------------------------
အက်သလက်တီကို ၃ - ၁ ဗီလာရီးရဲလ် (၁၃-နိုဝင်ဘာ-၂၀၂၃)
ဗီလာရီးရဲလ် ၂ - ၂ အက်သလက်တီကို (၄-ဇွန်-၂၀၂၃)
အက်သလက်တီကို ၀ - ၂ ဗီလာရီးရဲလ် (၂၂-သြဂုတ်-၂၀၂၂)
ဗီလာရီးရဲလ် ၂ - ၂ အက်သလက်တီကို (၁၀-ဇန်နဝါရီ-၂၀၂၂)
အက်သလက်တီကို ၂ - ၂ ဗီလာရီးရဲလ် (၃၀-သြဂုတ်-၂၀၂၁)
.
ဗီလာရီးရဲလ် နောက်ဆုံး (၅) ပွဲရလဒ်
--------------------------------
ဗီလာရီးရဲလ် ၁ - ၀ ဗလန်စီယာ (၁၇-မတ်-၂၀၂၄)
ဗီလာရီးရဲလ် ၃ - ၁ မာဆေးလ် (၁၅-မတ်-၂၀၂၄)
ဘက်တစ် ၂ - ၃ ဗီလာရီးရဲလ် (၁၁-မတ်-၂၀၂၄)
မာဆေးလ် ၄ - ၀ ဗီလာရီးရဲလ် (၈-မတ်-၂၀၂၄)
ဗီလာရီးရဲလ် ၅ - ၁ ဂရန်နာဒါ (၃-မတ်-၂၀၂၄)
.
အက်သလက်တီကို နောက်ဆုံး (၅) ပွဲရလဒ်
-------------------------------------------
အက်သလက်တီကို ၀ - ၃ ဘာစီလိုနာ (၁၈-မတ်-၂၀၂၄)
အက်သလက်တီကို ၂ - ၁ အင်တာမီလန် (၁၄-မတ်-၂၀၂၄)
ကာဒီဇ် ၂ - ၀ အက်သလက်တီကို (၉-မတ်-၂၀၂၄)
အက်သလက်တီကို ၂ - ၁ ဘက်တစ် (၃-မတ်-၂၀၂၄)
ဘီလ်ဘာအို ၃ - ၀ အက်သလက်တီကို (၁-မတ်-၂၀၂၄)

#လာလီဂါ #ပွဲကြိုသုံးသပ်ချက် #အက်သလက်တီကို #ဗီလာရီးရဲလ်