ရှေ့သို့
Image

မီလီတာအိုရဲ့ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလိုက်တဲ့ အန်ဆယ်လော့တီ

1:42 PM, 31 March

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက အက်သလက်တစ်အသင်းနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းပွဲမှာ နောက်ခံလူ မီလီတာအိုရဲ့အခြေအနေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

“သူ့အခြေအနေက မသေချာသေးပါဘူး။ တကယ်လို့ အဆင်ပြေတယ်ဆိုရင် ထည့်သွင်းကန်သွားမှာပါ။ တစ်ပွဲချင်းကြည့်ရှုသွားမှာဖြစ်ပြီး မနက်ဖြန်ပွဲမှာ မိနစ်အနည်းငယ်ထည့်သွင်းပြီး ဧပြီလ ၉ ရက်နေ့မတိုင်ခင်အထိ သူ့အခြေအနေတိုးတက်ဖို့ အချိန်ရှိနေပါသေးတယ်။

ဒူးအခြေအနေက အဆင်ပြေပါတယ်။ သူလိုအပ်တာက ဘောလုံးကန်ဖို့ပါပဲ။ ကွင်းထဲမှာ ပြန်ကစားပြီး အခြေအနေပြန်ကောင်းအောင်လုပ်ဆောင်ဖို့ပါပဲ”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။


အသင်းရဲ့ခံစားချက်အပေါ် အန်ဆယ်လော့တီက

==================

“ပစ္စည်းတွေက ကောင်းပါတယ်။ နိုင်ငံတကာရက်သတ္တပတ်ကလည်း ကြံ့ခိုင်မှုအတွက် အဆင်ပြေခဲ့ပါတယ်။ ကာမာဗင်ဂါနဲ့ပတ်သက်ပြီး ပြဿနာအသေးစားရှိနေပါတယ်။ ဒါပေမယ့် ဒီနေ့မှာ သူသာမန်အတိုင်း လေ့ကျင့်ခန်းဆင်းပါတယ်။ 

မနက်ဖြန်ပွဲအတွက် ကောင်းမွန်တဲ့ခံစားချက်ရှိပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ရာသီတစ်ခုကိုဖြတ်သန်းနေပြီး စွမ်းဆောင်ရည်ကောင်းပြသနေတဲ့အသင်းတစ်သင်းနဲ့ကန်ရမှာဖြစ်ပါတယ်။

ဒီပွဲက အရေးကြီးတဲ့ပွဲဖြစ်သလို မီလီတာအိုလည်း မနက်ဖြန်မှာ ပြန်လာတော့မှာပါ။ အဲ့တာက အရေးပါတဲ့သတင်းတစ်ခုပါ။ သူက ၁၀၀%တော့ ကြံ့ခိုင်မှုမပြည့်ဝသေးပါဘူး။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ ဘောလုံးကန်ဖို့ လိုအပ်တာကြောင့်ပါ။ 

ဒါပေမယ့် သူ့ဒဏ်ရာအခြေအနေက အဆင်ပြေပါတယ်။ အဲ့တာက ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့သတင်းပါ။ ကော်တိုရစ်ဒဏ်ရာအခြေအနေကတော့ ကံမကောင်းတာပါ။ ဒါပေမယ့် သူမကြာခင်မှာ ပြန်လာနိုင်ပါလိမ့်မယ်”



ခံစစ်ပိုင်းဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး

=======================

ကျွန်တော်တို့အခြေအနေက ထူးဆန်းပါတယ်။ အဆင်ပြေအောင် ကိုင်တွယ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ရူဒီဂါက ပထမဆုံးရာသီမှာတင် စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီး နာချိုလည်း အတူတူပါပဲ။ 

ချူအာမီနီကလည်း စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပါတယ်။ ကျွန်တောာ်တို့အသင်းက လိဂ်မှာပေးဂိုးအနည်းဆုံးအသင်းပါ။ ဒါက ပူးပေါင်းဆောင်ရွက်မှုကြောင့်ရလာတဲ့အကျိုးကျေးဇူးတွေပါ


ဒီရာသီလူနင်ရဲ့စွမ်းဆောင်ရည်တိုးတက်လာမှုအပေါ် အန်ဆယ်လော့တီက 

=====================

“သူ(လူနင်)က အများကြီးတိုးတက်လာပါတယ်။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ ဒီလိုကစားနိုင်တယ်ဆိုတာကို ပြသထားနိုင်ခဲ့တာကြောင့်ပါ။ သူ့စွမ်းဆောင်ရည်က အရမ်းကောင်းပါတယ်။ သူ့မှာ ထိပ်တန်းဂိုးသမားတစ်ဦးရဲ့အရည်အချင်းရှိပါတယ်”


အက်သလက်တစ်က ဒုက္ခပေးလာနိုင်တဲ့အပေါ် အန်ဆယ်လော့တီက

====================

“အက်သလက်တစ်က ဖိုင်နယ်အတွက် ပြင်ဆင်ချိန် ၁ ပတ်ရှိနေပါတယ်။ သူတို့မနက်ဖြန်မှာ အကောင်းဆုံးကစားပြပါလိမ့်မယ်။ ပြီးတော့ သူတို့က ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ကစားနေတာပါ။

အဲ့တာက အရေးကြီးသလို ကျွန်တော်တို့သေချာလေးပြင်ဆင်ထားဖို့ လိုအပ်ပါတယ်”


မီလီတာအိုကစားနိုင်မလားဆိုတဲ့အပေါ်

===================

“သူမကစားနိုင်ရင် ကျွန်တော်တို့မှာ ရွေးချယ်စရာအများကြီးရှိမနေပါဘူး။ တကယ်လို့ သူမကစားနိုင်ရင် နာချို ဒါမှမဟုတ် ချူအာမီနီကစားနိုင်မလား?။ မသေချာမှုတွေရှိနေပါတယ်”


ဘာပေရောက်လာမယ့်အပေါ် ပရိသတ်တွေစိတ်လှုပ်ရှားနေမှု

=====================

“ရီးရဲလ်အသင်းပရိသတ်တွေ ဘာပေနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သူ့အကျီနဲ့ပတ်သက်ပြီးလည်း စိတ်လှုပ်ရှားနေကြမှာပါ”


ဆူညံမှုတွေက ဗင်နီဆီးယက်စ်ကို ထိခိုက်မှုရှိနိုင်လားဆိုတဲ့အပေါ်

======================

“သူ့အတွက် စိုးရိမ်စရာက တစ်ခုပဲရှိနေပါတယ်။ အဲ့တာက မနက်ဖြန်မှာ သူမကစားနိုင်ပါဘူး။ အဲ့တာပဲ ကျွန်တော်စိုးရိမ်မိပါတယ်”


မိုဒရစ်အခြေအနေအပေါ်

===============


“မိုဒရစ်အခြေအနေက အရမ်းကောင်းပါတယ်။ သူက  ရာသီမကုန်ခင်တိုက်ခိုက်ဖို့ အသင့်ပါပဲ။ ကျွန်တော်တို့ ဒီရာသီကိုအကောင်းဆုံးပြီးဆုံးဖို့ အစီအစဉ်ရှိပါတယ်။ ဒီလက အရမ်းအရေးကြီးပါတယ်။ 

ကျွန်တော်တို့ကောင်းမွန်တဲ့အနေအထားမှာရှိနေနိုင်ဖို့ လုပ်ဆောင်ရပါဦးမယ်”


သူ့ရဲ့စာချုပ်သစ်အနေအထားအပေါ်

================

“လူတိုင်းက လာမယ့်ရာသီအကြောင်းပြောနေပါတယ်။ ကျွန်တော်တို့ကလွဲပြီးပေါ့။ လူကာက ဒီရာသီမှာကစားနေဆဲပါ။ အနာဂတ်က ကြိုပြောလို့မရပါဘူး။ ရာသီမကုန်ခင်အထိ ကျွန်တော်တို့ အချိန်ရှိပါသေးတယ်။ 

အခုချိန်မှာ သူ့အနာဂတ်အကြောင်း ဘယ်သူမှစိတ်ဝင်စားလိမ့်မယ်လို့ မထင်ပါဘူး”


စပိန် နဲ့ ဘရာဇီးပွဲအပေါ် အန်ဆယ်လော့တီက

==================

“အဲ့ပွဲကို ကျွန်တော်မြင်လိုက်ပါတယ်။ အဲ့ပွဲကို ကြိုက်ပါတယ်။ အဲ့တာက စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ပွဲကောင်းတစ်ပွဲပါ။ ခြေစမ်းပွဲဆိုပေမယ့် အရမ်းကို ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ ကျွန်တော် ကြိုက်နှစ်သက်သလို ကြည့်ရတာ နှစ်လိုဖွယ်ရှိပါတယ်။

ဗင်နီဆီးယက်စ်အတွက် အဲ့တာက အရမ်းအရေးပါတဲ့ပြဿနာပါ။ သူ့အနေနဲ့ အရမ်းဆိုးဝါးစွာယူဆောင်ခဲ့ပါတယ်”

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ