ရှေ့သို့
Image

ချဲလ်ဆီးပစ်မှတ် လီယာအိုရဲ့အနာဂတ်နှင့် ပတ်သက်ပြီး ပြောကြားလိုက်တဲ့ အေစီမီလန်အကြီးအကဲ

1:46 PM, 30 March

တောင်ပံကစားသမားဟာ ဆန်စီယိုမှာသာ ဆက်နေလိုကြောင်း လီယာအိုရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး မီလန်စီးအီးအို ဖာလာနီက ပြောကြားလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကစားသမားရဲ့ အနာဂတ်ဟာ သတင်းမျိုးစုံထွက်နေတာဖြစ်ပြီး ပီအက်စ်ဂျီနှင့် ချဲလ်ဆီးတို့ဟာ ဒီနွေရာသီမှာ စာချုပ်ဖျက်သိမ်းခ ယူရို ၁၇၅ သန်း (ပေါင် သန်း ၁၅၀ / ဒေါ်လာ ၁၈၉ သန်း) ရှိနေတဲ့ လီယာအိုကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။ ဒါပေမဲ့ အင်တာဗျူးမှာ ကစားသမားရဲ့အနာဂတ်နှင့်ပတ်သက်ပြီး ဖာလာနီက ပြောကြားလိုက်ပါတယ်။

"သူ့ရဲ့စာချုပ်ဖျက်သိမ်းခက ယူရို ၁၇၅ သန်းပါ၊ ဒါပေမဲ့ သူက မီလန်မှာပဲ ဆက်နေချင်နေပါတယ်။ ဒီမှာ သူက အရမ်းကို အဆင်ပြေနေပြီး အသင်းကနေထွက်ခွာဖို့ တောင်းဆိုလာနိုင်သော်လည်း လီယာအိုက အဲ့ဒီလိုမျိုး လုပ်ထားခြင်းမရှိပါဘူး။ သူက မီလန်မှာ အကြာကြီးနေသွားမှာပါ" လို့ ဖာလာနီက Gzaaetta dello Sport သို့ ပြောပါတယ်။

၂၀၁၉ ခုနှစ် လိုင်လီကနေရောက်လာကတည်းက လီယာအိုဟာ မီလန်ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး ဥရောပက ငွေသုံးစွဲနိုင်တဲ့အသင်းကြီးတွေက သူ့ရဲ့စာချုပ်ဖျက်သိမ်းခကို ပေးနိုင်တယ်ဆိုတာက အံ့ဩစရာတော့ မရှိပါဘူး။ သို့သော်လည်း လက်ရှိစာချုပ်မှာ သက်တမ်း ၄ နှစ်ကျန်ရှိနေသေးပြီး ဖာလာနီကတော့ အသင်းရဲ့တိုက်စစ်မှာ လီယာအိုကို ဦးတည်ပြီး MLS သို့ ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ဂီရော့ဒ်ရဲ့ နေရာကို အစားထိုးသွားဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်။

လီယာအိုဟာ လက်ရွေးစင်အသင်းကနေ ပြန်ရောက်လာပြီး စနေနေ့မှာတော့ မီလန်ဟာ စီးရီးအေပွဲစဉ်အဖြစ် ဖီအိုရင်တီးနားနှင့် ကစားရမှာဖြစ်ပါတယ်။ အမှတ်ပေးဇယားတွင် မြို့ခံပြိုင်ဘက် အင်တာကိုလိုက်မီဖို့အတွက် သူတို့အသင်းကတော့ အများကြီး ကြိုးစားရမှာဖြစ်ပါတယ်။ #ချဲလ်ဆီး #အေစီမီလန် #လီယာအို #ပရီးမီးယားလိဂ်