ရှေ့သို့
Image

ဂရင်းဝုဒ်ရဲ့အနာဂတ်ကို ယူနိုက်တက်ကပဲ အဆုံးအဖြတ်ပေးပါလိမ့်မယ်လို့ ပြောလာတဲ့ ဂီတာဖေးနည်းပြ

10:34 AM, 30 March

ဂီတာဖေးအသင်းဟာ ဂရင်းဝုဒ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျေနပ်နေပေမယ့် ကစားသမားရဲ့အနာဂတ်ကိုတော့ ယူနိုက်တက်ကသာ အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ၂၂နှစ်သားဟာ လက်ရှိမှာတော့ ဂီတာဖေးအသင်းထံ တစ်ရာသီအငှားနဲ့ လာရောက်ကစားနေပါတယ်။

ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းမှာ ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၂၇ပွဲကစားရာမှာ ၈ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။
ဂီတာဖေးအသင်းက အင်္ဂလန်သားကို အသင်းမှာ ဆက်ထားချင်ပေမယ့် ကစားသမားရဲ့အနာဂတ်ကိုတော့ ထိန်းချုပ်နိုင်ခြင်းမရှိတာကို နားလည်ထားပါတယ်။

နည်းပြ ဟိုဆေးဘော်ဒါလက်စ်က "နောက်ဆုံးမှာတော့ ကလပ်ကသာ သူ့အနာဂတ်ကို ဆုံးဖြတ်သွားမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ကစားသမာရဲ့ အပြုအမူနဲ့ခြေစွမ်းတွေကို ကြိုက်နှစ်သက်ပါတယ်"လို့ ပြောခဲ့ပါတယ်။

သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို ရောင်းချမယ်ဆိုရင် ပေါင်သန်း၄၀လောက်အထိ တောင်းဆိုသွားမယ်လို့ သိရပါတယ်။ ဂီတာဖေးဘက်ကတော့ အဆိုပါ ပြောင်းရွှေ့ကြေးပမာဏလောက်ကို တတ်နိုင်ခြင်းမရှိပေမယ့် ယူနိုက်တက်ကလည်း ကစားသမားကို အငှားထပ်ချတာမလုပ်ဘဲ ရောင်းချပြီး ပြောင်းရွှေ့ကြေးယူတာ ဒါမှမဟုတ် အသင်းမှာ ဆက်ထားတာမျိုးသာ လုပ်လာနိုင်ပါတယ်။

ဥရောပအသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့ကလည်း ဂရင်းဝုဒ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂီတာဖေး #ဂရင်းဝုဒ် #ပရီးမီးယားလိဂ်