ရှေ့သို့
Image

လာလီဂါပွဲစဉ် (၃၀) ဗလန်စီယာ-မာယော့ကာ ပွဲကြိုခန့်မှန်းချက် (ည ၁၂:၀၀)

10:29 AM, 30 March

ဗလန်စီယာ-မာယော့ကာ ဒဏ်ရာရပွဲပယ်
-------------
ဗလန်စီယာ - အီအာခါဘီ၊ ဆာဂျီကာနို့စ်၊ ဟိုဆေးဂါယာ(သေချာပေါက်လွဲ)
မာယော့ကာ - မာတင်ဗယ်လ်ဂျန့်(သေချာပေါက်လွဲ)

ဗလန်စီယာက အခုအိမ်ကွင်းပွဲစဉ်ကို အနိုင်ကစားထားနိုင်မယ်ဆိုရင် အမှတ်ပေးဇယားအဆင့်-၇ နေရာဆီ တက်လှမ်းနိုင်ဖို့ရှိနေပြီး အိမ်ကွင်းပရိသတ်တွေအတွက် ထိုတ်တန်တဲ့ ရလဒ်ပိုင်းကို ရှာဖွေပေးနိုင်ဖို့ ကြိုးစားပေးပါလိ့မ်မယ်။

ဗလန်စီယာက အိမ်ကွင်းဆို ရလဒ်ကောင်းရယူနိုင်လေ့ရှိတာကြောင့် တန်းဆင်းဇုန်ဖိအားအတန်အသင့်ရှိနေတဲ့ မာယော့ကာနဲ့ ရင်ဆိုင်ရချိန်မှာ ရလဒ်ကောင်းရယူနိုင်မလား စောင့်ကြည့်သွားရပါမယ်။ တဖက်မှာလည်း မာယော့ကာက အခုနောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းရော၊ ရလဒ်ပါ တောက်လျှောက်တက်လာခဲ့ပြီး စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအထိ တက်လှမ်းထားနိုင်ပါတယ်။ နှစ်သင်းလုံး အားသာချက်ကိုယ်စီရှိနေလို့ ပွဲကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဖွင့်လှစ်မှုအရ ဗလန်စီယာအတွက် ပြင်းရှလွန်းနေတယ်လို့ ခံစားမိရတာကြောင့် အိမ်ရှင်တွေနဲ့စွန့်စားကြည့်ချင်တယ်။
 
ဗလန်စီယာ - မာယော့ကာ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
-----------------------------------------------------
မာယော့ကာ ၁ - ၁ ဗလန်စီယာ (၇-အောက်တိုဘာ-၂၀၂၃)
မာယော့ကာ ၁ - ၀ ဗလန်စီယာ (၂၆-မေ-၂၀၂၃)
ဗလန်စီယာ ၁ - ၂ မာယော့ကာ (၂၂-အောက်တိုဘာ-၂၀၂၂)
မာယော့ကာ ၀ - ၁ ဗလန်စီယာ (၂၆-ဖေဖော်ဝါရီ-၂၀၂၂)
ဗလန်စီယာ ၂ - ၂ မာယော့ကာ (၂၃-အောက်တိုဘာ-၂၀၂၁)
.
ဗလန်စီယာ နောက်ဆုံး (၅) ပွဲရလဒ်
----------------------------
ဗီလာရီးရဲလ် ၁ - ၀ ဗလန်စီယာ (၁၇-မတ်-၂၀၂၄)
ဗလန်စီယာ ၁ - ၀ ဂီတာဖေး (၉-မတ်-၂၀၂၄)
ဗလန်စီယာ ၂ - ၂ ရီးရဲလ်မက်ဒရစ် (၃-မတ်-၂၀၂၄)
ဗလန်စီယာ ၀ - ၀ ဆီဗီလာ (၁၈-ဖေဖော်ဝါရီ-၂၀၂၄)
လက်စ်ပါးမား ၂ - ၀ ဗလန်စီယာ (၁၁-ဖေဖော်ဝါရီ-၂၀၂၄)
.
မာယော့ကာ နောက်ဆုံး (၅) ပွဲရလဒ်
--------------------------------
မာယော့ကာ ၁ - ၀ ဂရန်နာဒါ (၁၆-မတ်-၂၀၂၄)
ဘာစီလိုနာ ၁ - ၀ မာယော့ကာ (၉-မတ်-၂၀၂၄)
မာယော့ကာ ၁ - ၀ ဂျီရိုနာ (၄-မတ်-၂၀၂၄)
ဆိုစီဒက် ၁ - ၁ မာယော့ကာ (၂၈-ဖေဖော်ဝါရီ-၂၀၂၄)
အလာဗက်စ် ၁ - ၁ မာယော့ကာ (၂၅-ဖေဖော်ဝါရီ-၂၀၂၄)

#လာလီဂါ #ပွဲကြိုသုံးသပ်ချက် #ဗလန်စီယာ #မာယော့ကာ