ရှေ့သို့
Image

မန်စီးတီးနဲ့ပွဲစဉ်က အာဆင်နယ်ရဲ့ချန်ပီယံဆုစိန်ခေါ်နိုင်စွမ်းအပေါ် စမ်းသပ်မှုတစ်ခုဖြစ်တယ်လို့ ဆိုလိုက်တဲ့ ဒီကလန်ရိုက်စ်

1:01 PM, 29 March

အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်စွမ်းရှိတယ်ဆိုတာ သက်သေပြချင်ရင် လာမယ့်တနင်္ဂနွေနေ့မှာ မန်စီးတီးကို အနိုင်ကစားသွားဖို့ လိုအပ်နေပါတယ်။ ဒါကတော့ လက်ရှိအချိန်မှာ ဂန်းနားတွေက မန်စီးတီးထက် သာလွန်တယ်ဆိုတာ သက်သေပြရမယ်လို့ ယုံကြည်နေတဲ့ ဒီကလန်ရိုက်စ်ရဲ့အမြင်ဖြစ်ပါတယ်။

မြောက်လန်ဒန်သားတွေက မတ်လနိုင်ငံတကာသီတင်းပတ်အပြီး အဖွင့်ပွဲစဉ်အဖြစ် အယ်တီဟတ်ကွင်းမှာ ပြီးခဲ့တဲ့ရာသီ ဖလားသုံးလုံး ပိုင်ရှင်တွေနဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။

ဒီကလန်ရိုက်စ်က “တကယ့်ကို ခက်ခဲမယ့် အယ်တီဟတ်ကွင်းဆီ ကျွန်တော်တို့ သွားရောက်ရပါမယ်။ အာဆင်နယ်အသင်းအနေဖြင့် ချန်ပီယံဆုနဲ့ထိုက်တန်ကြောင်း သက်သေပြချင်တယ်ဆိုရင် အခုလိုပွဲစဉ်မျိုးကို အနိုင်ကစားသွားရပါမယ်။ ကျွန်တော်တို့က အကောင်းဆုံး အသင်းတွေထဲမှာပါဝင်တဲ့ အသင်းတစ်ခုဖြစ်တယ်ဆိုတာ သက်သေပြဖို့ အခုလိုမာကျောမှုနဲ့ စရိုက်လက္ခဏာကို ပြသသွားရန် လိုအပ်ပါတယ်။ လက်ရှိအချိန်မှာ မန်စီးတီးက ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းဖြစ်တယ်ဆိုတာ သံသယဖြစ်စရာတောင် မလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့လည်း ရလဒ်ကောင်းတစ်ခုရယူနိုင်တယ်ဆိုတာ နည်းပြနဲ့အတူ အသင်းကပါ ယုံကြည်မှုအပြည့်ရှိနေပါတယ်”လို့ ပြောပါတယ်။

#မန်စီးတီး #အာဆင်နယ် #ပရီးမီးယားလိဂ် ဒီကလန်ရိုက်စ်