ရှေ့သို့
Image

ပရီးမီးယားလိဂ်အတွေ့ကြုံရင့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဟိုဆေးလူကို ခေါ်ယူလိုနေတဲ့ ယူနိုက်တက်

12:43 PM, 29 March

စပိန်ရှိသတင်းတွေအရ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အတွေ့အကြုံရှိ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဟိုဆေးလူကို နွေရာသီမှာ ခေါ်ယူဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

အင်္ဂလန်ကင်းထောက် ၂ ဦးဟာ အခြေအနေကို စုံစမ်းဖို့အတွက် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးရဲ့ ကိုယ်စားလှယ်များနှင့် လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေက စကားပြောဆိုခဲ့တာဖြစ်ပါတယ်လို့ Relevo က ဖော်ပြထားပါတယ်။ အဆိုပါ အစီစဉ်ကတော့ ဟိုဆေးလူကို အိုးထရက်ဖို့ဒ်သို့ ဟွိုက်လန်းရဲ့ အရန်အဖြစ် ခေါ်ယူဖို့ဖြစ်ပါတယ်။

ဟိုဆေးလူဟာ ရီးရဲလ်မက်ဒရစ်မှာ အကောင်းဆုံး ကစားပြထားတာဖြစ်ပြီး ပရီးမီးယားလိဂ်နှင့်လည်း အသားကျနိုင်နေတာဖြစ်ပါတယ်။ ဟွိုက်လန်းဟာ အိုးထရက်ဖို့ဒ်မှာ ခက်ခဲစွာစတင်ခဲ့ရတာဖြစ်ပြီး ဒိန်းမတ်တိုက်စစ်မှူးဟာ ယူနိုက်တက်သို့ရောက်ရှိပြီး ၃ လအတွင်း ပထမဆုံးဂိုးကိုတောင် မသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း အဲ့ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်အတွက် ဂိုးများသွင်းယူလာနိုင်ပြီး ဒဏ်ရာမရရှိခင်အချိန်အထိ အသင်းနှင့်အတူ အားကျလာက ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဟိုဆေးလူဟာ ကွင်းအတွင်းနှင့်ပြင်ပမှာ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးအတွက် အကောင်းဆုံးအထောက်အပံ့ပေးနိုင်မယ့်သူဖြစ်တယ်လို့ ကလပ်က ယုံကြည်နေပြီး အထူးသဖြင့် ပရီးမီးယားလိဂ်အတွေ့အကြုံရှိနေသူလည်းဖြစ်ပါတယ်။

စပိန်နိုင်ငံသားဟာ အင်္ဂလန်ထိပ်တန်းလိဂ်မှာ ၃ နှစ်တာကစားခဲ့ပြီး စတုတ်စီးတီးနှင့် နယူးကာဆယ်တို့မှာပါ ကစားခဲ့ဖူးတာဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးနေသော်လည်း စပိန်ဒုတိယတန်းကလပ်ဖြစ်တဲ့ အက်စ်ပန်ညိုနှင့် စာချုပ်သက်တမ်းကျန်ရှိနေသေးတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အသက် ၃၄ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ စီစဉ်ထားသော်လည်း ပရီးမီးယားလိဂ်က ခေါ်ယူခြင်းဟာ အဆိုပါအနာဂတ်အစီစဉ်ကို ဖျက်ဆီးသွားနိုင်ပါတယ်။ စပိန်အသင်းနှင့်အတူ နိုင်ငံ့တာဝန်များကိုထမ်းဆောင်ပြီးနောက် ဟိုဆေးလူဟာ အန်ဆယ်လော့တီရဲ့ အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းဖို့ မက်ဒရစ်သို့ ပြန်လည်ရောက်လာပြီဖြစ်ပါတယ်။

မတ်လ ၃၁ ရက်နေ့ အက်သလက်တစ်ကလပ်နှင့်ပွဲမှာ သူဟာ အရန်ကစားသမားအဖြစ် ရှိနေမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရီးရဲလ်မက်ဒရစ် #ဟိုဆေးလူ