ရှေ့သို့
Image

အင်္ဂလန်အတွက် ပွဲထွက်ခွင့်မရခံ့တဲ့အပေါ် ကိုးပယ်လ်မာရဲ့ တုံပြန်ချက်အား ထုတ်ဖော်လိုက်တဲ့ ပိုချက်တီနို

12:36 PM, 29 March

အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ လက်ရှိရာသီမှာ ချဲလ်ဆီးအတွက် ခြေစွမ်းပြသထားပြီး ပရီးမီးယားလိဂ်တွင် ၁၁ ဂိုး သွင်ယူကာ ၈ ဂိုး ဖန်တီးပေးထားတာဖြစ်ပါတယ်။

ဒါကြောင့် ခြေစမ်းပွဲ ၂ ပွဲကစားမယ့် အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ ပယ်လ်မာဟာ အသေးစားဒဏ်ရာရရှိခဲ့တာကြောင့် ဘရာဇီးအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူးလို့ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ပေါင် ၄၂.၅ သန်းတန် တိုက်စစ်မှူးဟာ အင်္ဂါနေ့က ဘယ်လ်ဂျီယံနှင့် ၂-၂ ဂိုး သရေကျခဲ့တဲ့ပွဲမှာလည်း အရန်ခုံမှာသာ ရှိခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ်များအတွင်း ဒဏ်ရာ ရရှိခဲ့သော်လည်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေနှင့် ကစားမယ့် စနေနေ့မှာ ပယ်လ်မာက ပွဲထွက်နိုင်မယ်လို့ ပိုချက်တီနိုက ယုံကြည်နေပါတယ်။

"ကျွန်တော်က သူနဲ့စကားပြောခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ပွဲမထွက်နိုင်ခဲ့တာကြောင့် သူက အနည်းလောက်တော့ စိတ်ပျက်နေမိမှာပါ" "ပထမပွဲမှာ ပြဿနာအနည်းလောက်ရှိမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒုတိယပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံနဲ့ပွဲမှာ ကစားနိုင်တယ်လို့ သူကထင်ခဲ့သော်လည်း ပွဲထွက်ခွင့်မရရှိခဲ့ပါဘူး" "အခုတော့ သူက အဆင်ပြေနေပါပြီ၊ ကောင်းကောင်းလေ့ကျင့်နိုင်နေပါပြီ။ သောကြာနေ့မှာ လေ့ကျင့်ခန်း တစ်ချိန်ကျန်နေသေးသော်လည်း သူက အဲ့ဒီအတိုင်း လုပ်ဆောင်နိုင်ကာ စနေနေ့ပွဲမှာ ကစားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ပိုချက်တီနိုက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ပယ်လ်မာကို အရန်ခုံမှာသာ ထားခဲ့ရတဲ့ ဆုံးဖြတ်ချက်အပေါ် ဆောက်ဂိတ်က "လူစာရင်းထုတ်ပြန်တဲ့အချိန်မှာ နေရာအားလုံးအတွက် ပြိုင်ဆိုင်မှုဆိုတာရှိပါတယ်လို့ ကျွန်တော်တစ်ခါတည်း ပြောခဲ့ပြီးသားပါ" "သူက လေ့ကျင့်ရေးအတော်များများကို ပျက်ကွက်ခဲ့တာကြောင့် ဘယ်လ်ဂျီယံနှင့်ပွဲမှာ သူ့ကို ထည့်သွင်းနိုင်ခြင်းမရှိခဲ့တာပါ" "ကျွန်တော်တို့ ဘာရမလဲဆိုတာ ရာနှုန်းပြည့်မသေချာပေမဲ့ ဂေါ်ဒွန်နဲ့ မက်ဒီဆင်ကိုတော့ ကောင်းကောင်းသိပါတယ်။ ပယ်လ်မာကိုတော့ ဒီလိုညီမျှခြင်းနဲ့ ချန်လှပ်ထားတာ မဟုတ်ပါဘူး" လို့ ရှင်းပြပါတယ်။

#အင်္ဂလန် #ချဲလ်ဆီး #ပိုချက်တီနို #ပယ်လ်မာ #ပရီးမီးယားလိဂ်