ရှေ့သို့
Image

၂၀၂၂ကမ္ဘာ့ဖလားကနေ ဘရာဇီးနဲ့အတူ ထွက်ခဲ့ရပြီးနောက် ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ Googleမှာ ရှာဖွေခဲ့ဖူးပါတယ်လို့ ဝန်ခံလိုက်တဲ့ ရစ်ချာလီဆန်

1:02 PM, 28 March

၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်ကနေ ဘရာဇီးထွက်ခဲ့ရပြီးနောက် သူ့ရဲ့စိတ်ကျန်းမာရေဟာ ရုန်းကန်ခဲ့ရတဲ့ အနေအထားမှာရှိပြီး စိတ်ကျရောဟာကို ခံစားခဲ့ရကြောင်း တော့တင်ဟမ်စတား ရစ်ချာလီဆန်က ပြောကြားလိုက်ပါတယ်။ ကုသမှုတွေက သူ့အတွက် များစွာအကျိုးရှိခဲ့ပါတယ်လို့ ဝန်ခံထားတဲ့ တော့တင်ဟမ်စတားက စိတ်ကျန်းမာရေး ကုသမှုကို မခံယူမီ ဘောလုံးကနေ အရှုံးပေးကာ ထွက်သွားလိုစိတ်အထိ ဖြစ်ခဲ့ကြောင်း ပြောကြားထားပါတယ်။

ESPN ဘရာဇီးသို့ ရစ်ချာလီဆန်က "ကမ္ဘာ့ဖလားမှာ ကစားခဲ့တဲ့သူတစ်ဦးအနေနဲ့ ကျွန်တော့်ရဲ့ထိပ်ဆုံးအဆင့်သို့ ရောက်ခဲ့တာပါ။ ကျွန်တော်ကန့်သတ်ထားတဲ့ နေရာသို့ရောက်လာခဲ့တယ်ဆိုတာ အားလုံးအသိပါ။ ကိုယ့်ကိုကိုယ်သတ်သေဖို့ပြောခဲ့မိလားတောင် ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်က စိတ်ဓာတ်ကျဆင်ခဲ့ပြီး အရှုံးပေးချင်စိတ်ဖြစ်ခဲ့ပါတယ်" "ကမ္ဘာ့ဖလားအပြီးမှာ ဒီလိုဖြစ်လာခဲ့ပုံရပါတယ်။ ကုသမှုတွေက ကျွန်တော့်ရဲ့ဘဝကို ကယ်တင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်ဟာ မကောင်းတဲ့အရာတွေကိုသာ တွေးတောနေခဲ့ပြီး Google မှာတောင် သတ်သေဖို့နဲ့ ပတ်သက်ပြီး ရှာဖွေခဲ့ပါတယ်" "ဒီနေ့ ကျွန်တော်ပြောနိုင်တာက စိတ်ပညာရှင်ကို ရှာပါ၊ ကုသဖို့ ခံယူမှုလိုအပ်နေတယ်ဆိုရင် တစ်ဦးဦးကို ရှာပါ ဒါဟာ ဖွင့်ဟပြောပြလိုက်ဖို့ အကောင်းဆုံးသော နည်းလမ်းပဲဖြစ်ပါတဘ်"

"ကျွန်တော်ကတော့ စိတ်ပညာရှင်ကိုပဲ ကျေးဇူးတင်လိုတယ်လို့ ဘောလုံးလောကကို ပြောကြားချင်ပါတယ်။ ခင်ဗျားတို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒါဟာ အသက်တွေကို ကယ်ဆယ်တာကြောင့် အရမ်းကို အရေးကြီးတယ်လို့ ပြောချင်ပါတယ်" "အရင် ဒီလိုမျိုး မလိုဘူးလို့ ထင်ခဲ့ပြီး အဓိပ္ပါယ်မရှိဘူးလို့ ထင်ခဲ့တာပါ။ ကျွန်တော့်မိသားစုထဲမှာကို စိတ်ပညာရှင်ဆီ သွားတဲ့သူတိုင်းကို ရူးသွားကြတယ်လို့ ထင်ကြတဲ့သူတွေရှိပါတယ်" "ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် သိနားလည်လိုက်တဲ့အခါမှာ အရမ်းကိုကောင်းတယ်ဆိုတာ သိခဲ့ရပါတယ်။ အကောင်းဆုံးသော အရာပါပဲ။ ကျွန်တော့်ဘဝမှာ အကောင်းဆုံးသောအရာကို ရှာတွေ့ခဲ့တာပါ" လို့ ပြောပါတယ်။

ကမ္ဘာ့ဖလားမှာတုန်းက ရစ်ချာလီဆန်မှာ ဖိအားတွေ အများကြီးရှိခဲ့ပြီး ကာတာမှာပြုလုပ်ခဲ့တဲ့ပြိုင်ပွဲမှာ တိုက်စစ်မှူးဟာ နာမည်ကျော် ကျောနံပါတ် ၉ ကို ဝတ်ဆင်ကစားခဲ့တာဖြစ်ပါတယ်။ ခရိုအေးရှားကို ရှုံးနိမ့်ပြီး ဘရာဇီးက ပြိုင်ပွဲက ထွက်ရချိန်မှာ ရစ်ချာလီဆန်က လက်ရွေးစင်အသင်းအတွက် ၄ ပွဲမှာ ၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

မကြာသေးခင်ကပဲ ဘရာဇီးဟာ အသင်းမှာ စိတ်ပညာရှင်တစ်ဦးကို ခန့်အပ်ကြောင်း အတည်ပြုခဲ့ပြီး ရစ်ချာလီဆန်ကိုယ်တိုင်က အဆိုပါ ခန့်အပ်မှုကို ကြိုဆိုခဲ့တာဖြစ်ပါတယ်။ သူဟာ နောက်ဆုံးရွေးချယ်ထားတဲ့ ဘရာဇီးအသင်းရဲ့ လူစာရင်းမှာပါဝင်ခဲ့သော်လည်း အင်္ဂလန်အား အနိုင်ရရှိခဲ့တဲ့ပွဲနှင့် စပိန်နှင့် သရေကျခဲ့တဲ့ပွဲမှာ ပါဝင်ကစားခွင့်မရရှိခဲ့ဘဲ အခုတော့ တော့တင်ဟမ်သို့ ပြန်လာပြီဖြစ်ပါတယ်။

#ဘရာဇီး #ရစ်ချာလီဆန် #၂၀၂၂ကမ္ဘာ့ဖလား